Chapter18

1.9K 264 68
                                    

Unicode

ရက်သတ္တပတ်အားဖြင့် ၃ပတ်ကျော်လာပြီဖြစ်သည်။ မပြောင်းလဲတ့ဲအခြေအနေနဲ့
အတွင်းရေးမှူးဟန်တို့ဆီက ဘာမှအဆက်အသွယ်ပြုလုပ်ခြင်းရှိမလာခ့ဲပေ။

ဟန်ဂျူရီဘက်ကအကြောင်းမရှိအကြောင်းရှာ ရုံးကိုခေါ်ပြီး
သူမနဲ့တွေ့ဖို့အမျိုးမျိုးကြံဖန်နေမှန်းနေမှန်းလည်းသိသည်။ ဆောင်းဟွန်ဘက်က လေးတိလေးလံ အေးစက်စက်သာ အလိုက်အထိုက်နေနေရသည်။ ပင်ပန်းလားဆိုရင်တော့ သေလောက်အောင် စိတ်ပင်ပန်းလှသည်။သူမရဲ့ပိရိမှုကြောင့် အဖေဘယ်မှာရှိမှန်းလည်း အခုထိ တစ်စွန်းတစ်စတောင် သိမလာခ့ဲရ။

တစ်ခါတစ်ခါ သူမက ပြုံးရွှင်နေတတ်သည်။
သူမရဲ့အပြုံးတွေက ပွင့်လန်းလာပြီးမှ ကိုယ်တိုင်ခူးဆွတ်ဖို့မတတ်နိုင်လို့
ဒီတိုင်းပစ်ချခ့ဲရတ့ဲ အဆိပ်ပြင်း ပန်းတစ်ပွင့်လိုဆောင်းဟွန် လေးတိလေးလံပဲ ကြည့်နေပေးနိုင်သည်။ 

" တို့ပျော်နေတယ် တွေ့လားဆောင်းဟွန်။
ကျန်တာက ဆောင်းဟွန်ပျော်ဖို့ပဲလိုတယ်။
တို့တွေ အတူပျော်နိုင်ပါတယ်....."

" ကျနော် ဘယ်သူနဲ့မဆိုပျော်နိုင်ပါတယ်
မင်းနဲ့တော့ ပျော်လို့မရဘူး။"

ငိုမိမှာဆိုးလို့ နှုတ်ခမ်းကိုဖိကိုက်ပြီး ပြိုလဲ
တော့မယ့် သူမပုံကြည့်ပြီး အသံထွက်တ့ဲအထိရယ်ခ့ဲမိ‌ေသးတယ်။

သူမက ဆောင်းဟွန်အတွက် စိတ်အသေကြီး သက်သက်ဖြစ်နေကြောင်းကို ရခ့ဲတဲ့ဒဏ်ရာဒဏ်ချက်မျိုးတွေကို သူမ မခံစားခဲ့တ့ဲအခါ ရှင်းပြနေလည်း သဘောပေါက်နိုင်မယ်မထင်ဘူး။

အတွေးလွန်နေတုန်း လက်ထဲကဖုန်းဆီက
အသံထွက်လာတာကြောင့် ကြည့်လိုက်တော့
ဟီဆွန်းHyungဆီက စာတိုတစ်စောင်ဖြစ်သည်။

* မင်းရဲ့ဆရာ၀န်က သူ့ဆီမလာလို့ လွမ်းနေပါတယ်တ့ဲ😭*

ဟက်ခနဲ တစ်ချက်ရယ်ကာ စာပြန်ပို့လိုက်သည်။

* အ့ဲဒီ့ ငတုံးဆရာ၀န်ကို မလိုတော့ဘူး*

တစ်ဖက်က ပြန်စာ ချက်ချင်း၀င်လာသည်။

* ရိုင်းလိုက်တာ ချစ်သူရသွားတာနဲ့
ဆရာ၀န်ကိုကန်ထုတ်ပြီ။ ဘယ်မှာလည်း
တရားမျှတမှု*

My 10months'LOVE(Completed)Where stories live. Discover now