Chapter 10

2.2K 296 31
                                    

မနက်မိုးလင်းလာတော့ Hyungက ဂျယ်ယွန်းဘေးမှာ ဂျယ်ယွန်းရဲ့ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး အိပ်ပျော်နေတယ်။
ဂျယ်ယွန်းရဲ့လက်တွေက Hyungရဲ့ ရင်ဘက်ပေါ်မှာ...။

အိပ်ပျော်နေတ့ဲ Hyungမျက်နှာကို
ငေးကြည့်နေမိတယ်။ မြင်နေကျ မှုန်မှုန်မှိုင်းမှိုင်းမျက်၀န်းတွေ ရှိမနေပဲ သာမန်ဆန်စွာ
Hyungက သိပ်ကြည့်ကောင်းတယ်။

မနက်အာရုံတက်ချိန်ကတည်း ဆက်အိပ်လို့မရပဲ ဂျယ်ယွန်းတွေးနေမိတာက Hyungက
တစ်ညတာစိတ်သက်သာရာအတွက်နဲ့များ ဂျယ်ယွန်းကို သူ့ရင်ခွင်အောက်မှာ ထားခ့ဲတာလားလို့....။ လိင်ဆက်ဆံမှု တစ်ခုသက်သက်အတွက်ဆိုရင်တောင် ဂျယ်ယွန်းကခေါင်းမာတ့ဲ လူမို့မျက်ရည်မကျမိပါ......။

Hyungရင်ဘက်ပေါ်က လက်တွေရုတ်လိုက်တော့ Hyungက မျက်လုံးဖွင့်ကြည့်လာတယ်။ ဂျယ်ယွန်းရဲ့နှဖူးကို ခပ်ဖွဖွလာနမ်းရင်း " မောနင်း.....ဂျယ်ယွန်းနီး" တဲ့။

Hyungက နောင်တမရှိအောင် ဂျယ်ယွန်းကို
ပြုစားနိုင်တ့ဲ သိပ်ချစ်ရတ့ဲ လူတစ်ယောက်ပေါ့။ 

အေးစက်စက်နိုင်တ့ဲ Hyungဆီက နွေးထွေးတ့ဲ တုန့်ပြန်မှုတွေကြောင့် Hyungဟာ လက်ရှိအနေအထားကို အေးအေးဆေးဆေး လက်ခံထားပုံရကာ ဂျယ်ယွန်းစိတ်သက်ရာရစေတယ်။ ဒီလိုနဲ့ ........တုန်လှုပ်စရာမဟုတ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုလို နှစ်ယောက်သား
လက်ခံလိုက်ကြတယ်။

ဂျွန်လရဲ့ ည‌ေနပိုင်းတွေက တစ်လောကလုံး
စွတ်စိုထိုင်းမှိုင်းပြီး မိုးရွာနေတယ်။ ၀ရံတာနားမှာရပ်ပြီး ရေတစ်စက်စက်ကျရင်း ြငိမ်သက်နေတ့ဲ လေစင်္ကြာလေးကို လှမ်းကြည့်နေတ့ဲ ဂျယ်ယွန်းနီးက ဆံပင်လေးတွေကပိုကရိုနဲ့ခပ်ပွပွလေးဖြစ်နေတာတောင်
ချစ်စရာကောင်းတုန်းပဲ......။

ဆောင်းဟွန် ကြည့်နေရင်းနဲ့တင် အဲဒီ့ကောင်လေးကို ပိုင်ဆိုင်ချင်လာတယ်။ဂျယ်ယွန်းနီးကို အနားမှာပဲ ရှိနေစေချင်တယ်။ ဂျယ်ယွန်းနီးဟာ ဆောင်းဟွန်နဲ့အလွယ်တကူအသားကျခ့ဲတယ်။ ထူးတော့ ထူးဆန်းပါတယ် .... လပိုင်းအတွင်း ဆောင်းဟွန်ဆီထိုးဖောက်၀င်ရောက်လာတ့ဲ ကောင်လေးတစ်ယောက်နဲ့ နှစ်ပေါင်းများစွာအနားမှာအတူရှိလာတ့ဲ အချစ်ဦးထက်ကျော်လွန်တ့ဲ ဆက်ဆံရေးတွေဖြစ်ကုန်ခ့ဲကြတယ်။ ဂျယ်ယွန်းနီးအပေါ် ချစ်ခြင်း၊မချစ်ခြင်းဘာအဓိပ္ပာယ်မှ မသတ်မှတ်ချင်။ ဘယ်သူမှမရှိတ့ဲ ဆောင်းဟွန်ရဲ့ဘ၀ထဲမှာ ဂျယ်ယွန်းနီးက ဆောင်းဟွန်ကိုယ်တိုင် တံခါးဖွင့်လက်ခံပေးခ့ဲတ့ဲ ဆောင်းဟွန်ရွေးချယ်ထားတ့ဲအကောင်းဆုံးအဖော်ပဲ.....။ 

My 10months'LOVE(Completed)Where stories live. Discover now