Chapter 5

2K 313 12
                                    


"အ့ဲတော့ ဆောင်းဟွန် ချစ်သူထားတော့မှာလား"

ီတစ်ဖက် screen ပေါ်က လူရဲ့မျက်နှာကို ဆောင်းဟွန်ငူငူကြီးငေးကြည့်နေမိတယ်။
နေ့ညအချိန်မတူတာကြောင့် ဆောင်းဟွန်တို့ဆီမှာ မိုးချုပ်နေပေမယ့်
တစ်ဖက်ကလူကတော့ ဂျူတီကုဒ်အဖြူကို
သပ်ရပ်စွာ၀တ်ဆင်ထားပြီး ြဖည်ဖြည်းချင်းသွားနေတ့ဲကားတစ်စီးရဲ့ နေရောင်ခပ်ကျကျဘက်မှာ ထိုင်ပြီးဆောင်းဟွန်ကို ကြည့်နေတယ်။

" ဟီဆွန်းHyung ကျွန်တော် ဘယ်သူ့ကိုမှ
ထပ်မချစ်ချင်တော့ဘူး။

ဒီတိုင်း.....Hyungအပြင်
နောက်ထပ်လူတစ်ယောက်နဲ့စကားပြောကြည့်ပါဆိုပြီး Hyungမှာထားလို့"

ဟီဆွန်းHyungက သက်ပြင်းတစ်ချက်ချရင်း

" အ့ဲတုန်းက Hyungပြောခ့ဲတာက Hyungက
ဆောင်းဟွန်ကိုထားပြီး နိုင်ငံခြားမှာ မဟာတန်း သွားတက်ရမှာမို့လို့ အရင်လို ဆောင်းဟွန်ရဲ့ကိစ္စတွေ ဆွေးနွေးလို့မရတော့လို့။
ပြီးတော့ Hyungလက်လွှဲခ့ဲတ့ဲဆရာ၀န်ကို ဆောင်းဟွန်က Hyungနဲ့ဆွေးနွေးသလို ဆွေးနွေးချင်မှဆွေးနွေးမှာလေ။

Hyungဆိုလိုတာက ဆောင်းဟွန်ရဲ့ အရင်သူငယ်ချင်းတွေနဲ့ ပြန်ပြီး ပေါင်းသင်းတာပဲဖြစ်ဖြစ် အပေါင်းအသင်းမိတ်ဆွေအသစ်နဲ့စတင်တာပဲ ဖြစ်ဖြစ်ဖြစ်စေချင်တာ။
ဒါပေမယ့်  ဆောင်းဟွန်ကို ဖိအားပေးတာမဟုတ်ဘူး။ "

ဟီဆွန်းHyungရဲ့စကားအဆုံးမှာ ဆောင်းဟွန် အတန်ကြာငိုင်နေမိတယ်။

ပြီးမှ....ရှေ့က ဖန်ခွက်အပြည့်ထည့်ထားတ့ဲ ရေကိုမော့ချရင်း

" ကျွန်တော်သူငယ်ချင်းဟောင်းတွေနဲ့ ကျွန်တော်စကားပြောဖို့ ကြိုးစားကြည့်ြပီးပြီ။ ကျွန်တော် မလုပ်နိုင်ဘူး။
သူက......ကျွန်တော့်အကြောင်းတွေ သိပုံမရဘူး"

ဟီဆွန်းHyungက ခေါင်းဆက်ဆက်ငြိမ့်တယ်။ပြီးမှ...

" ဆောင်းဟွန်က သူနဲ့ရင်းနှီးဖို့ စိတ်လိုလက်ရရှိတယ်ဆိုရင် အဆင်ပြေမှာပါ။
တွန်းမထုတ်နဲ့"

ဆက်ပြီးတော့ ဟီဆွန်းHyungကနေပဲ....

" တစ်ခုခုဆို Hyungကိုပြောပြရမယ်နော်။ ပြီးတော့အခုတွေ့နေကျဆရာ၀န်နဲ့လည်း ဆက်ပြီးတွေ့ရမယ်အိပ်ဆေးတွေ လျှော့သောက်နော်။ Hyung ဆေးရုံရှေ့ရောက်ပြီ bye bye"

My 10months'LOVE(Completed)Where stories live. Discover now