Chapter25

1.7K 237 52
                                    

AN- ကိုယ်ပြန်လာပါပြီ ဟီး။ အနံက နှစ်ရက်အတွင်းပြန်ရလာပြီး အဖျားလည်းကျသွားပါပြီ အိမ်မှာပဲ ကွာရာတင်းတော့၀င်တုန်းပါ။ အရင်လို ficတွေပြန်upပေးပါ့မယ်။ cmတွေရော၊Message boxတွေရော၊wallပေါ်က conversation ထိ လာပြီးနေကောင်းပါစေ
ဆုတောင်းပေးတ့ဲ သဲသဲတို့အားလုံးကျေးဇူးပါ။အားလုံးလည်း ဂရုစိုက်ပါ။bonnieဆို
Clientနဲ့အလုပ်ကိစ္စခနသွားတွေ့ပြီး ပြန်လာတာနဲ့ တန်းဖျားတော့တာပဲ။အဲဒါကြောင့် အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့ရှင့်။


================================



" Stressပိသွားလို့ အစာအိမ်ရောင်ချင်နေတာပါ။တစ်ခြားဘာပြဿနာမှမရှိဘူး။အခုဆေးလည်း သွင်းပြီးပြီဆိုတော့ သောက်ဆေးကောင်တာမှာထုတ်ပြီး အိမ်မှာသေချာပြန်နားရင် အဆင်ပြေသွားမှာပါ မဒမ်"

" ကျွန်မလည်း အသက်ရလာလို့ထင်ပါရဲ့"

ီ "အို..မဒမ်က ဒီလောက်နုပျိုတ့ဲဟာ"

" ဒါဆို ခွင့်ပြုပါဦး"

တာ၀န်ကျ ဆရာ၀န်မလေးကို နှုတ်ဆက်ပြီး
လှဲလျောင်းနေတ့ဲ ကုတင်ပေါ်ကထလာလိုက်သည်။အနားမှာ အသင့်လာတွဲတ့ဲ ဒရိုက်ဘာကို အမှီပြုပြီး ဆေးရုံခန်းထဲကထွက်လာလိုက်သည်။ အပြင်ကောင်တာရှေ့ရောက်တော့ ဆေးထုတ်၊ငွေရှင်းပြီး အနားကဒရိုက်ဘာဘက် လှည့်ကာ.....

" ကျွန်မဒီမှာပဲထိုင်စောင့်နေလိုက်မယ်
ကားသွားထုတ်ပြီး ပေါ်တီအောက်ကို
မောင်းလာလိုက်ပါ။ကားပါကင်ထိ လမ်းမလျောက်ချင်တော့လို့"

"ဟုတ်က့ဲ မဒမ်"

ဒရိုက်ဘာထွက်သွားတာနဲ့ လျောက်လှမ်းဘေးနားက ခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်သည်။

" EMERGENCY ! ဘေးဖယ်ကြပါ"

"EMERGENCY !!"

ရုတ်ရုတ်သဲသဲနဲ့ အော်ဟစ်ပြီး ဆေးရုံကားပေါ်ကနေတစ်ဆင့် ၀င်ပေါက်ကိုဖြတ်ပြီး
အရှိန်နဲ့တွန်းလာတ့ဲ ကုတင်ရဲ့ဘီလုံးအသံ
တစ်ကျွီကျွီမြည်နေသည်။

ရွေ့လျားနေတ့ဲကုတင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး လိုက်ပါလာတ့ဲ ဆရာ၀န်လေးက လူနာရင်ဘက်ကို အကြိမ်ပေါင်းများစွာနှိပ်ချနေပြီး
ထိုဆရာ၀န်လေးရဲ့ ဂျူတီကုတ်အဖြူရှေ့တစ်ခြမ်းလုံးကလည်း လူနာရဲ့သွေးတွေ ရွှဲနစ်နေခ့ဲသည်။

My 10months'LOVE(Completed)Where stories live. Discover now