Chapter 21

1.5K 219 50
                                    


ဂျယ်ယွန်းလမ်းတစ်လျှောက်လုံး ဖြတ်ပြေးလာခ့ဲပေမယ့် သူ့ခန္တာကိုယ်တစ်ခုလုံး ပစ်လဲကျတော့မယ့်အတိုင်း ယိမ်းယိုင်နေမိသည်။ ပါးပြင်ပေါ်မှာ စိုစွတ်နေတ့ဲအထိအတွေ့ကို ခံစားနေမိပေမယ့် ငိုလို့ငိုနေမှန်းမသိအောင် သူ့ခေါင်းတစ်ခုလုံးထုံကျဥ်
နေမိသည်။

အထပ်ထပ်အခါခါမြင်ယောင်နေမိတာက ဖုန်းထဲက သူ့ရဲ့အ၀တ်မပါတ့ဲ ပုံတွေရယ် ပြင်းပြင်းထန်ထန် ပြောဆိုထားတ့ဲ ကောမန့်စာကြောင်းတွေဖြစ်တာကြောင့် ရင်ဘက်တစ်ခုလုံး စူးအောင့်လာတ့ဲ ခံစားချက်နဲ့အတူ
ခြေထောက်တွေခွေယိုင်ပြီး မြေပြင်ပေါ်ကို
လဲကျသွားခ့ဲသည်။

လမ်းမပေါ်ကလူတွေရဲ့ ဘာဖြစ်တာလဲဟူသော စူးစမ်းအကြည့်တွေကို သူ့စိတ်ထဲမှာ
သူ့ပုံတွေမြင်ပြီးလှောင်ပြောင်ကဲ့ရဲ့နေကြခြင်းလို့ ထင်ကာ မရှိတ့ဲအင်အားကိုအတင်းယူပြီး
ထိုနေရာကထွက်ပြေးလာမိပြန်သည်။

လူတွေမမြင်နိုင်တ့ဲ လမ်းကြားထောင့်ချိုးတစ်နေရာမှာ ထိုင်ချကာဦးခေါင်းကို ဒူးနှစ်ဖက်ကြားထဲထည့်ပြီး လက်နှစ်ဖက်နဲ့နားတွေတင်းကျပ်စွာပိတ်လှောင်ထားမိသည်။ လူတွေမမြင်နိုင်အောင် သူပုန်းနေတာဖြစ်သည်။

ငါတောင်းပန်ပါတယ်...ဂျယ်ယွန်း။

ဘာလို့လဲဆိုတော့ ပြန်လည်ဖြေကြားမှုမရှိလာချင်းတွေ......လက်ထဲလွတ်ကျသွားတ့ဲ
သူ့လက်ထဲက ဘီယာဘူး.......။

ပြန်လည်နိုးထလာတ့ဲအခါ မိုတယ်ကိုရောက်နေခ့ဲခြင်းတွေ.......တရိပ်ရိပ်ပြန်လည်အမှတ်ရလာမိတ့ဲအခါ...........

"တောက်!"

ခပ်ပြင်းပြင်း တောက် တစ်ချက်ကိုခေါက်ကာ
ထိုနေရာကနေထွက်ပြီး တက္ကစီတစ်စီးပေါ်တက်လာမိသည်။ ကားမှန်အပြင်ဘက်က
မြင်ကွင်းတွေ တရိပ်ရိပ်ပြတ်ကျန်သွားခ့ဲတိုင်း
စိတ်ခံစားမှုဟာ တစ်စတစ်စ ပြိုလဲခံစားလွယ်လာသည်။

ထိုမြင်ကွင်းတွေကို ထပ်မမြင်လိုတ့ဲအခါ လက်သီးဆုတ်တွေနဲ့ အထပ်ထပ်အခါခါကားမှန်ကို ထုရိုက်‌ေနမိသည်။

" ဟေ့.....ရူးနေလား"

ကားသမားရဲ့နောက်ပြန်လှည့်ပြီး လှမ်းအော်သံကြောင့် လှုပ်ရှားနေတ့ဲ လက်တွေကိုရပ်တန့်ကာ ပါးစပ်ကိုလက်နှစ်ဖက်နဲ့ ဖိပိတ်ထားမိသည်။ တစ်လှိမ့်လှိမ့်ကျလာတ့ဲမျက်ရည်တွေက သည်းထန်စွာရွာသွန်းနေတ့ဲ
မိုးစက်တွေလို မရပ်တန့်တော့ပဲ ရှိုက်သံနှင့်
အော်ဟစ်ငိုကြွေးသံတွေ ကျယ်လောင်လာသည်။ ဒီထပ်ပိုပြီး ပါးစပ်ကိုလက်နဲ့ခပ်တင်းတင်းပိတ်ကာ ခန္တာကိုယ်တစ်ခုလုံး ရှေးတိုးနောက်ဆုတ် ယိမ်းယိုင်ရင်းငိုကြွေးနေမိသည်။

My 10months'LOVE(Completed)Where stories live. Discover now