Description
12K 748 14
Unicode
ကုရှီးယွီဟာ တာ၀န်တစ်ခုထမ်းဆောင်ရတယ်။
သူဟာကမ္ဘာငယ်တွေထဲကိုသွားပီး ပုံမှန်ထက်အန္တရာယ်များနေတဲ့ဗီလိန်တွေကိုသွားဖြေရှင်းရတယ်။အာ့မှ ကမ္ဘာတွေကသဟဇာတမျှတပီးပုံမှန်လည်ပတ်နိုင်မှာကိုး။ဒါပေမယ့် သူ့systemကနဲနဲထူးဆန်းနေသလိုပဲ။ပထမဆုံးအကြိမ်တွေ့တွေ့ချင်းပြောလိုက်တဲ့စကားကိုပဲကြည့်-
"မင်းက ဘယ်သူလဲ"တဲ့
အစကတော့ ကုရှီးယွီထင်တာ အထက်ကအုပ်ချုပ်သူတွေဖန်တီးထားတာက လူသားနဲ့အနီးစပ်ဆုံးတူအောင်ဉာဏ်ရည်မြှင့်ထားတဲ့Systemပေါ့။နောက်တော့မှ သူ့systemကချို့ယွင်းမှုဖြစ်နေတယ်ဆိုတာသိခဲ့ရတယ်။
တိုင်းပြည်ကိုအုပ်စိုးချင်တဲ့ အင်အားကြီးဗီလိန်က အဓိကဇာတ်လိုက်ကိုတိုက်ခိုက်လိမ့်မယ်။ကုရှီးယွီထင်တာက သူ့တာ၀န်ကအဲ့ဗီလိန်ကိုဇာတ်လိုက်ဘက်ကနေတိုက်ခိုက်အနိုင်ယူပေးရမယ်ပေါ့။
Systemကပြောလာတယ်"မင်း သူ့ကိုပန်းစည်းလှလှလေးလက်ဆောင်ပေးလိုက်ပါ။သူစိတ်ချမ်းသာနေရင် ဇာတ်လိုက်ကိုသွားမနှောင့်ယှက်တော့ဘူးပေါ့"
အင်ပါယာကြီးကိုဖျက်ဆီးဖို့အတွက် အင်ပါယာရဲ့ဗီလိန်စစ်သူကြီးက အဓိကဇာတ်လိုက်ဖြစ်တဲ့အင်ပါယာရဲ့မင်းသားကိုဒဏ်ရာအပြင်းအထန်ရတဲ့အထိတိုက်ခိုက်လိမ့်မယ်။
Systemမှညွှန်ကြားချက်:"မင်းသာသူ့ကိုချစ်ဖို့ကောင်းတဲ့ပုံလေးလုပ်ပြလိုက်။အဲ့လိုဆိုရင်သူလည်းမင်းတောင်းဆိုတာလက်ခံပီး လူသားမျိုးနွယ်ကိုမဖျက်ဆီးတော့ဘူးပေါ့"
ကျင့်ကြံရေးလောကရဲ့နတ်ဆိုးဘုရင်ဟာ သူ့စွမ်းအင်တိုးပွားလာဖို့အတွက် ကျင့်ကြံရေးလောကရဲ့ရှိရှိသမျှဆေးလုံးတွေကိုလုယူသိမ်းခဲ့တယ်။
System:"တကယ်တော့ ဗီလိန်ကိုကိုင်တွယ်ဖို့အခြားနည်းလမ်းရှိပါတယ်"
"ဘယ်လိုမျိုးလဲ"
"ဗီလိန်နှင့်အတူ နှစ်ကိုယ်တူစုံတွဲကျင့်ကြံပါ။"
ကုရှီးယွီ:???
တာ၀န်တွေကိုငြင်းရင်ပြစ်ဒဏ်ခံရမယ်ဆိုတာသိတော့ သူ့ခမျာတာ၀န်တွေကိုလိုက်လုပ်ရပါတယ်။အံ့သြစရာက အန္တရာယ်လျှော့ချခြင်းဘားတန်းကတိုးတက်လာခဲ့တယ်။ဒါပေမယ့် ဗီလိန်ကပိုပိုပီးထူးဆန်းလာသလိုပဲ။
Zawgyi
"မင်းက ဘယ်သူလဲ"တဲ့
"ဘယ်လိုမျိုးလဲ"
ကုရှီးယွီ:???
ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now