Chapter-5

2.7K 513 17
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


[မင်း ဖူနင်ကိုသိလား၊ဖြစ်နိုင်ရင် ငါသူ့အကြောင်း နဲနဲလောက်သိချင်လို့]

ဂူရှီးယွီ systemကိုမေးလိုက်တဲ့အချိန်က ကျီချင် ကျီမိသားစုစံအိမ်ရဲ့ စာကြည့်ခန်းမှာအလုပ်လုပ်နေချိန်ဖြစ်သည်။
ဖူနင်နဲ့ပတ်သက်တဲ့အချက်အလက်အားလုံး ပေါ်လာပီး ဂူရှီးယွီဆီ အလိုအလျောက်အချက်အလက်ပို့လိုက်တဲ့အချိန် ကျီချင်မှာ*ဒုဇာတ်လိုက်*ဆိုတဲ့စကားလုံးကိုသာ ရိပ်ခနဲမြင်လိုက်ရသည်။
ထို့နောက် အချက်အလက်ရှိနေတဲ့စခရင်ဘောင်က အပြာရောင်ပြောင်းသွားသည်။

ဖူနင်?အဲ့ဒါ Y နိုင်ငံကဖူမိသားစုရဲ့သခင်လေးမဟုတ်ဘူးလား?

သူနဲ့ကျီဇီရွှမ်က တော်တော်လေးရင်းနှီးကြတယ်။
၂ယောက်လုံးက တက္ကသိုလ်တူတူတက်ပီးဘွဲ့ရခဲ့သလို တွေ့ဆုံပွဲတွေမှာလည်းမကြာခဏတွေ့လေ့ရှိတယ်။

ဂူရှီးယွီက ဘာလို့သူ့အကြောင်းသိချင်တာပါလိမ့်။
.....................

"မြန်မြန်လုပ် အခန်းတွေအကုန်လုံးသန့်ရှင်းရေး လုပ်ထားပီးပီလား"

စာကြည့်ခန်းရဲ့တံခါးက အသံမလုံပါလား။
အပြင်ဘက်မှာရုတ်တရက် ထွက်လာတဲ့ဆူညံသံတွေကို ကြားနေရသည်။
အခန်းတံခါးတွေ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အသံတွေကြားနေရသည်။
အခန်းပြင်မှာလည်း လူတွေဟိုဟိုဒီဒီသွားလာနေကြတာလည်း ပျာယာခတ်နေကြသလိုပဲ။

"အပြင်မှာ ကားရောက်နေပီ"

"ဟုတ်ကဲ့ စားသောက်ခန်းမှာလည်း ထူးရှယ်ဟင်းလျာတွေစီစဉ်ပီးပါပီ။
မမလျိုကလည်း သခင်မကြီးကိုအောက်ထပ်ဆင်းလာဖို့ကူညီပေးနေပါတယ်။
သူမကအမြဲတမ်း ဒီမြေးလေးအကြောင်းပဲ အိမ်မှာပြောပြောနေတာ။
နောက်ဆုံးတော့ သူမမြေးနဲ့ပြန်တွေ့ရတော့မယ်"

"သခင်လေး နိုင်ငံခြားမသွားခင်တုန်းကဆို သူ့အရပ်ကငါ့ပခုံးလောက်ပဲရှိသေးတာ။
အခုဆို ရင့်ကျက်တည်ငြိမ်တဲ့ ခန့်ချောကြီးဖြစ်နေမှာ"

ကျီချင်ကတော့ အခန်းပြင်ကလူတွေလို
အပျော်လုံးဆို့ပီးပျာယာခတ်မနေပါ။
သူကမျက်ခုံးကိုအနဲငယ်ပွတ်သပ်လိုက်ပီး ထိုင်ခုံမှာမှီထိုင်လိုက်သည်။
ထို့နောက်စားပွဲပေါ်မှာအလုပ်လုပ်လက်စ ကွန်ပြူတာကိုဒီတိုင်းထားပီး ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now