Chapter-14

2.1K 409 12
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ကျီချင်မရောက်လာခင်အထိ ဂူရှီးယွီတယောက်အစည်းအ​ဝေးခန်းထဲတွင် ၁နာရီလောက်ထိုင်စောင့်လိုက်ရသည်။
ကျီချင်ရောက်လာတဲ့အချိန်မှာတော့ သူ့အနောက်ကနေ ဒေါခွီးနေတဲ့မျက်နှာနဲ့ဒါရိုက်တာလီရော လိုက်ပါလာသည်။
သူ့ပုံစံက ဂူရှီးယွီဟာစပိုင်တယောက်လို့တထစ်ချယုံနေပီး ကျီချင်ရဲ့သက်ဆိုင်သူဖြစ်နေသောကြောင့်သာ လူရှေ့သူရှေ့မှာရိုင်းစိုင်းစွာမပြောခြင်းဖြစ်သည်။

"ကိုယ့်ကိုဖုန်းခဏပေး"
ကျီချင်ကဂူရှီးယွီဆီလျှောက်လာပီးလက်ကမ်းလိုက်သည်။
ဂူရှီးယွီခေတ္တတုံ့ဆိုင်းပီးမှ ဖုန်းကိုလော့ဖြည်ကာကျီချင်အားပေးလိုက်သည်။
ကျီချင်ကဖုန်းထဲမှာ appတခုအားကျွမ်းကျင်စွာရှာလိုက်သည်။
သူဖွင့်လိုက်ပီးတော့ ဂူရှီးယွီကိုပြကာ
"တနင်္ဂနွေနေ့ညက မင်းနဲ့ကိုယ်ဟိုတယ်မှာရှိတုန်းက ၀န်ထမ်းနံပါတ်တခုlog inလုပ်တဲ့အကြောင်း အသိပေးလာတယ်"

ဖုန်းမင်ကုမ္ပဏီတွင်၀န်ထမ်းများအတွက် Softwareတခုရှိသည်။
ဂူရှီးယွီကုမ္ပဏီကိုအလုပ်စ၀င်တဲ့နေ့က HRဌာနက ချင်းဟန်ဆိုတဲ့တယောက်က အဲ့softwareကိုဒေါင်းလုပ်ဆွဲပီးဖုန်းထဲထည့်ပေးခဲ့သည်။
ဆိုတော့ အခုလိုအချက်အလက်ပေါက်ကြားတာက ဂူရှီးယွီနဲ့မဆိုင်ကြောင်းသက်သေတခုဖြစ်လောက်လား...
ကျီချင်တွေးတောနေရင်း
"ဒါပေမယ့်အဲ့ဟာလေးတခုတည်းနဲ့ မင်းမှာကြံရာပါမရှိနိုင်ဘူးဆိုတာ အာမ,မခံနိုင်ဘူး။
အထူးသဖြင့် ဒီကိုယ်ပိုင်အကောင့်ကိစ္စ၊
မင်းကိုတကယ်ချောက်ချချင်တဲ့သူသာဆိုရင် တဖက်လူကသေချာစီစဥ်ထားပီးလွယ်လွယ်နဲ့ဖော်ထုတ်လို့ရမှာမဟုတ်ဘူး"

ကျီချင်ကပြောပီးနောက် ခေါင်းငုံ့ကာသူ့ဖုန်းကိုဖွင့်လိုက်သည်။
ပီးမှသူကထူးဆန်းသောအပြုံးနဲ့
"ဒီကိစ္စကိုသေချာစုံစမ်းဖို့အချိန်လိုအပ်တယ်။
မင်းရဲ့ကိုယ်ပိုင်ဖုန်း၊ကွန်ပျူတာနဲ့ကိုယ်ပိုင်ဒေတာအကောင့်တွေကို ကုမ္ပဏီအနေနဲ့ခဏထိန်းသိမ်းထားမယ်။
ဖုန်းမင်ရဲ့အချက်အလက်တွေကိုအခြားလူဆီမရောင်းစားပါဘူးလို့သေချာတဲ့အချိန်ထိပေါ့"
"ပီးတော့ အဲ့အချိန်အတွင်းမှာမင်းအားလပ်ရက်ခရီးလေးဘာလေးထွက်သင့်တယ်"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now