Chapter-1.1{Arc 1}

6K 659 6
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


"Systemနံပါတ် W-XH3771 စတင်အသက်၀င်ပါပီ။အလိုအလျောက်စနစ်နဲ့ပရိုဂရမ်လေးရောက်ရှိလာပါပီ။"

"Hostရဲ့၀ိဉာဥ်အခြေအနေအားစစ်ဆေးပီးပါပီ။အားလုံးအိုကေပါတယ်။Hostရဲ့ထိခိုက်ထားတဲ့ခန္ဓာကိုယ်ကိုလည်းပြုပြင်ထားပီးဖြစ်ပါတယ်"

ကုရှီးယွီဟာ အသံအနိမ့်အမြင့်အတက်အကျမရှိတဲ့စက်ရုပ်လိုအသံကြောင့်နှိုးထလာခဲ့တယ်။​ ဦးခေါင်းဆီမှနာကျင်မှုကပြောပြမတတ်လောက်အောင် တရိပ်ရိပ်ထိုးကိုက်လာခဲ့တယ်။သူ့ခန္ဓာကိုယ်ရဲ့မသိစိတ်အရ နှာခေါင်းနဲ့ပါးစပ်မှာညှီစို့စို့အနံ့ရနေတာခံစားမိတယ်။

"အဲ့ကောင် သေပီလား"

"အေး ငါစစ်ပီးပီ။အသက်မရှူတော့ဘူး"
ပြောလိုက်တဲ့လူကပါးစပ်ထဲမှာတခုခု၀ါးနေသလိုပဲ၊အသံက၀ူး၀ါး၀ူး၀ါးနဲ့။
ကုရှီးယွီမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ပထမဆုံးသူ နောက်ဖေးလမ်းကြား၀င်ပေါက်နားက၀ါကျင့်ကျင့်မီးအိမ်ကိုမြင်လိုက်ရတယ်။အဲ့ဒါက ညအမှောင်ထဲမှာတပင်တည်း အထီးကျန်နေတဲ့သစ်ပင်လိုပဲ။

"စိတ်ပူမနေနဲ့၊ဒီနေရာမှာစောင့်ကြည့်ကင်မရာတွေမရှိဘူး၊ပီးတော့ အဲ့ကောင်ကလည်းမူးနေတယ်လေ။ငါတို့ကလည်းသေချာအကွက်ချထားပီးပီမလား။တကယ်လို့ သူတို့စစ်ဆေးကြရင်လည်း အဲ့ကောင်မူးပီးကားတိုက်လို့ရှောသွားတယ်ပဲထင်ကြမှာ"

"ဒီကမ္ဘာရဲ့အချက်အလက်များအားစုဆောင်းနေပါတယ်"

စက်ရုပ်လိုအသံကဆက်လက်ထွက်ပေါ်လာတယ်။သူ့ဘေးကလူတွေကလည်းသူသတိပြန်ရလာတာ သိပုံမရဘူး။
"ကောင်းတယ်၊ ပိုက်ဆံတွေငါ့လက်ထဲရောက်လာရင် လောင်းကစားရုံကိုထပ်သွားမယ်။ဒီတခါလောင်းကြေးအကြီးကြီးထပ်ပီး အောင်ပွဲဆက်တိုက်ခံပစ်မယ်ကွ"

"နောက်ဆုံးအခေါက်က ဓါးနဲ့အခုတ်ခံရမလိုဖြစ်သွားတာ မေ့သွားပီလား"
"အမှန်ပြောရရင် ငါဇိမ်ခံကားနဲ့အဆင့်မြင့်စံအိမ်ကြီးတခု၀ယ်ပီး ဘ၀ကိုပျော်ပျော်ရီးဖြတ်သန်းချင်တာ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now