Chapter-15

2.1K 411 14
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ဂူရှီးယွီကသူ့အိတ်ထဲမှ လိပ်စာတွေ ဖုန်းနံပါတ်တွေအများကြီးရေးထားတဲ့စာရွက်အဖြူလေးကိုထုတ်လိုက်သည်။
ပီးမှလေးနက်တဲ့အသံနဲ့
"ကျနော်မနက်ဖြန်အိမ်သွားကြည့်မို့ အိမ်ပိုင်ရှင်ကိုချိန်းလိုက်မယ်။
အိမ်ကအဆင်ပြေတယ်ဆိုရင်ငှားလိုက်မယ်၊အာ့ကြောင့် တညဆိုရင်--"

'လုံလောက်ပါပီ'ဆိုတဲ့စကားလုံးတောင်မထွက်ခင်မှာပဲ သူ့လက်ထဲမှစာရွက်ကရုတ်တရက်ဆွဲယူခံလိုက်ရသည်။
သူ့ရှေ့မှာပဲ ကျီချင်ကအဲ့စာရွက်ကိုအပိုင်းပိုင်းအစစဖြစ်အောင်ဆုတ်ဖြဲလိုက်တာကို အတိုင်းသားကြည့်နေရသည်။
စာရွက်ကပြန်ဆက်လို့မရအောင်ကို အစိတ်စိတ်အမွှာမွှာပြဲသွားပီးနောက် ကျီချင်ကထပ်မေးလာသည်
"အ ခု ရော မ လုံ လောက် သေး ဘူး လား"
ကျီချင့်အသံက မုန်တိုင်းမ၀င်ခင်လေပြေလာတဲ့အသံကဲ့သို့ဖြစ်နေသည်။

အရမ်း အရမ်းကိုပုံမှန်အတိုင်းတွေးတတ်လွန်းတဲ့ဂူရှီးယွီလေးကတော့ အချိန်အကြာရီးဆွံ့အနေခဲ့သည်။
ပီးတော့မှ ကျီချင်ကသူ့ကိုဒီမှာပဲနေစေချင်တာဖြစ်မယ်လို့ တွေးမိသွားသည်။
ဒါမယ့် အဲ့လိုနေစေချင်ရင်လည်းတိုက်ရိုက်​ပြောလို့ရတယ်လေ?
အော် သူအဲ့လိုပြောဖို့ရှက်လို့နေမှာပါဆိုပီးတွေးမိပြန်ရင်လည်း သူ့လက်ထဲကစာရွက်တောင်အတင်းဆွဲယူဆုတ်ဖြဲလိုက်တဲ့လုပ်ရပ်ကရော?
မရှက်ဘူးဆိုရင်လည်း သူ့ကိုဘာလို့တိုက်ရိုက်မပြောလဲလို့??

အချိန်ခဏလောက်တိတ်သွားပီးမှ ဂူရှီးယွီကလေပြေအေးလေးနဲ့
"စားကြရအောင်"
သူကကျီချင့်မေးခွန်းကိုပြန်မဖြေသလို ငှားဖို့အိမ်ရှာတာကိုလည်းနောက်တခေါက်မပြောတော့ပေ။
"မင်းကိုယ်တိုင်ချက်ထားတာလား"
ကျီချင်ကအငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပန်းကန်ကိုကိုင်ရင်းပြောသည်။
ဂူရှီးယွီက သူ့ရဲ့ရှက်ဖွယ်လိလိအပြုအမူအားပြန်တွေးပီး အံကြိတ်ကာ
"မဟုတ်ဘူး အပြင်ကအော်ဒါမှာလိုက်တာ"

အတွေးထဲတွင်ချီးကျူးစကားများ ကဗျာတပုဒ်စာလောက်ဖွဲ့ထားတဲ့ ဥက္ကဌကျီခမျာမှာတော့ လည်ချောင်းထဲတွင်တစ်ဆို့သွားသည်။
ဂူရှီးယွီကတော့သူ့ရဲ့ရယ်မြူးရိပ်သန်းနေတဲ့မျက်၀န်းများအားဖုံးကွယ်ရန်ခေါင်းကိုငုံ့လိုက်သည်။
ထို့နောက်စကားတခွန်းမှမပြောဘဲ ၂ယောက်သားညစာစားကြသည်။
ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် ကျီချင်ကိုကြည့်ရတာစိတ်လွတ်နေသလိုပဲ။
ညစာစားပီးခါနီးတွင် ကျီချင်ကရုတ်တရက်
"ကိုယ်ကြီးကြပ်ရေးဌာနကလူတွေကိုမေးပီးပီ၊သူတို့က ၂ပတ်အတွင်းမှာအဲ့သစ္စာဖောက်တဲ့ကိစ္စရလဒ်တခုရစေရမယ်ပြောတယ်"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now