Chapter-11

2.2K 475 29
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ဂူရှီးယွီနဲ့ကျီချင်ဟိုတယ်ထဲမ၀င်ခင်က ဂူရှီးယွီမှာသူ့ဖုန်းထဲတွင်၀ှက်ထားတဲ့ဖိုင်လေး၁ခုတွေ့ခဲ့သည်။
အဲ့ဖိုင်ထဲမှာကိုယ်လုံးတီးနဲ့လူတွေ ပုံရယ်ဗီဒီယိုအချို့ရယ်ကိုကြည့်ပီးနောက်မှာတော့ သူတစုံတခုကိုသိသွားခဲ့သည်။

"ခင်များဘယ်နည်းလမ်းတွေသုံးပီး အရင်ကPAPရှယ်ယာတွေရယူခဲ့လဲဆိုတာ ခင်များကိုယ်ခင်များသိမှာပေါ့"

ဂူရှီးယွီကထိုသို့ပြောပီးသည်နဲ့  ကျီချင့်ကိုတွန်းလိုက်တာကြောင့် ကျီချင်နံရံဆီပစ်မှီသွားသည်။
ဂူရှီးယွီက သူ့မူလခန္ဓာပိုင်ရှင်ဘယ်ကိစ္စတွေရှုပ်ခဲ့မှန်းမသိပေမယ့် အခုလိုလူထုတောင်မသိတဲ့ ကုမ္ပဏီရဲ့လျှို့၀ှက်ချက်အကြီးစားတွေ သူ့ဖုန်းထဲရှိနေတာကတော့မမျှော်လင့်ထားတဲ့အရာတခုပင်။
အဲ့ထဲကတချို့အချက်အလက်တွေကတော့ ကျီချင်ကသူ့ရဲ့ပြိုင်ဘက်တွေကိုဖယ်ရှားဖို့သုံးခဲ့တဲ့လုပ်ရပ်တွေရဲ့သက်သေတွေဖြစ်သည်။

အဲ့ထဲမှာကုမ္ပဏီကြီးတွေကအစ နောက်ခံအင်အားသိပ်မရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါနေသည်။
ကျီချင်ကနက်ခ်တိုင်ကိုအနဲငယ်လျှော့လိုက်ပီး ဂူရှီးယွီကိုကြည့်လိုက်သည်။
သူ့ရဲ့လုပ်ရပ်တွေကိုသိနေတဲ့သူရှိတာတောင် မျက်၀န်းတွေမှာတုန်လှုပ်သွားတဲ့ ကြောက်ရွံ့သွားတဲ့အရိပ်အယောင်မတွေ့ရပေ။
ဆန့်ကျင်ဘက်အနေနဲ့ သူကထူးဆန်းတဲ့အပြုံးနဲ့
"ကိုယ်ကစီးပွားရေးသမားလေ၊
လိုချင်တာကိုရဖို့ အကြမ်းနည်းသုံးသင့်ရင်သုံးရမှာပေါ့"

"လူတွေလက်မခံနိုင်လောက်တဲ့နည်းတွေက ခများကိုလည်းဒုက္ခရောက်စေနိုင်တယ်လေ။
ကံကိုယုံပီးဆူးပုံမနင်းသင့်ဘူး ဥက္ကဌကျီ"

ကျီချင်ကနံရံကိုအသာမှီထားပီး ဂူရှီးယွီကိုအချိန်အတော်ကြာစိုက်ကြည့်နေသည်။
သူ့မျက်လုံးထောင့်ကနေ အနက်ရောင်အရိပ်၁ခုမြင်လိုက်တော့ ကျီချင့်မျက်၀န်းမှအပြုံးတွေမှေးမှိန်သွားသည်။
သူကဂူရှီးယွီမသပ်မရပ်ဖြစ်နေတာကိုပြင်ပေးလိုက်ပီး အိတ်ထဲကအပြာနုရောင်ကတ်၁ကတ်ယူထုတ်လိုက်သည်။
ပီးမှသူ့အသံကိုမြှင့်လိုက်ပီး
"မင်းလေးပြောမှပဲ ကိုယ်ဆူးပုံနင်းရုံတင်မကဘူး ဆူးတောထဲပါခြေချချင်သွားပီ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now