Chapter-22

1.7K 341 5
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်

ကုရှီးယွီတယောက် တခုပီးတခုပျောက်သွားတဲ့အချက်အလက်ဖိုင်တွေကို ဆွံ့အစွာပဲကြည့်နေရသည်။
Systemကသူ့ကိုထပ်ခါထပ်ခါခေါ်မှအသိပြန်၀င်လာသည်
[Hostဘာဖြစ်သွားတာလဲ]
ကုရှီးယွီခဏလောက်တုန်လှုပ်နေပီး
"ဘာကိုလဲ"
[Hostရဲ့နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေကြောင်း တွေ့ရတယ်၊Hostရဲ့စိတ်အခြေအနေကလည်းမတည်မငြိမ်ဖြစ်နေတယ်]

ကုရှီးယွီက သူ့Systemဆီမှခုလိုဂရုစိုက်မှုမျိုးရတာရှားသည်။
သူ့ကိုယ်သူငြိမ်အောင်ထိန်းပီးမှ ဖိုင်တွေပျက်သွားကြောင်းကိုရှင်းပြလိုက်သည်။
ထိုဖိုင်တွေခိုးယူခံရမှာစိုးလို့ မူလပိုင်ရှင်ကအလိုအလျောက်ဖျက်ဆီးတဲ့စနစ်သွင်းထားသည်။
မူလပိုင်ရှင်က ထိုဖိုင်ကိုဖွင့်ချိန်မှအချက်အလက်တွေကိုဖတ်ပီးတဲ့အချိန်ထိ သေချာတွက်ထားသည်။
ဖိုင်ကို ထိုအချိန်အတောအတွင်းပီးအောင်မဖတ်နိုင်တဲ့ ၊ဖိုင်ကိုပြန်မပိတ်နိုင်တဲ့သူဟာ သူစိမ်းဖြစ်ကြောင်းသက်သေပြနေသလိုပင်။

မူလပိုင်ရှင်က တော်တော်လေးထက်မြက်သားပဲ။
"ငါက ဒီအချက်အလက်တွေကို ကျီဇီရွှမ်ကိုရော ဖူနင်ကိုရော မပေးဘူးဆိုပေမယ့် မလိုအပ်ဘူးလို့တော့မဆိုလိုဘူးလေ"
ကျီချင်တယောက် အနာဂတ်မှာလမ်းလွဲသွားတာပဲဖြစ်ဖြစ် အခြားလူတွေနဲ့ပူးပေါင်းပီးကြံစည်တာဖြစ်ဖြစ် အဲ့အချိန်ကျရင်ထိုအချက်အလက်တွေကအသုံး၀င်သည်လေ။
သူ့စကားတွေကြားတော့ Systemကသတိပေးလာသည်
[မူလပိုင်ရှင်က စီးပွားရေးတက္ကသိုလ်ကနေဘွဲ့ရထားသလားလို့]
စီးပွားရေးတက္ကသိုလ်ကဘွဲ့ရထားသူတယောက်ဟာ ဘာလို့ကွန်ပျူတာပိုင်းမှာအရမ်းတော်နေရတာလဲ...
သူ့ကိုကူညီပေးတဲ့အခြားလူတယောက်ရှိတာ ဖြစ်ရမယ်။

Systemကတော့ ကုရှီးယွီတိတ်နေတာကြည့်ပီးတခုခုတွေးမိသွားပုံပဲလို့ခန့်မှန်းလိုက်သည်။
Systemမှ
[တစုံတယောက်က သူ့ကိုကူညီမယ်ထားဦး၊မူလပိုင်ရှင်ရဲ့သတိကြီးပုံအရ အရံအစီအစဥ်ရှိလောက်တယ်]
"မင်းပြောတာမှန်တယ်"
ကုရှီးယွီက Systemကိုချီးကျူးလိုက်သည်။
အရင်နေ့တွေတုန်းက Systemအဖက်မလုပ်ခဲ့တာတွေကိုခွင့်လွှတ်ပေးလိုက်သည်။
ကုရှီးယွီက သူ့ဖုန်းကိုဖွင့်ပီးဖုန်းcontactထဲမှတ်ထားတဲ့သူတွေကိုကြည့်နေသည်။
ထိုစဥ် သူ့Laptopဆီကို notiတခု၀င်လာသည်။
[Hostရေ Mailတခု၀င်နေတယ်]
ကုရှီးယွီကြည့်လိုက်တော့ အရင်တခေါက်ကကြော်ငြာAdsလိုမျိုးဖြစ်နေသည်။
သူကအရောင်တွေတောက်နေတဲ့ ထူးဆန်းတဲ့Websiteလိုပုံစံမျိုးပင်။
websiteတခုလုံးကလည်း ရှုပ်ထွေးနေတဲ့နံပါတ်တွေ စာကြောင်းတွေနဲ့ခေါင်းမူးလောက်အောင်ကို ရှုပ်ယှက်ခတ်နေသည်။
သူအရင်ကဆို ဒီလိုAdsကိုဖျက်လိုက်ကာတခါမှ၀င်မကြည့်ဖြစ်ပေ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now