Chapter-12

2.3K 446 5
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


သတင်းထူးဆို သတင်းခေါင်းစည်းမှာရေးတင်ချင်နေကြသော သတင်းထောက်များသာမက ကျီမိသားစု၀င်တွေနဲ့ ပါတီမှာရောက်နေကြတဲ့စပ်စုစိန်ဧည့်သည်တော်များပါ အခန်းထဲ၀င်ရောက်လာကြသည်။
ပထမဆုံး၀င်လာတဲ့သူကတော့ သန့်ရှင်းရေး၀န်ထမ်း၀တ်စုံ၀တ်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတယောက်ဖြစ်သည်။
သူမပြောတဲ့စကားတွေက တ၀က်တပျက်နဲ့ တိခနဲပြတ်သွားသည်။

အခန်းထဲကဘယ်နားမှာအပြစ်ကင်းတဲ့မိန်းကလေးရှိလဲ!!!
ဘာမိန်းကလေးမှမရှိဘူး!!!
ရှိတာဆိုလို့ အေးစက်တဲ့အကြည့်ပိုင်ရှင်ကျီချင်နဲ့ သူ့ရှေ့မှာဒူးထောက်လျက်နဲ့မျက်၀န်းတွေရီေ၀ပီးအင်အားချိနဲ့နေပုံရတဲ့ ကောင်လေးတယောက်သာ။
ကင်မရာဆီကမီးရောင်တွေလည်းရုတ်တရက်ရပ်သွားသည်။
ကျီချင်လက်ထဲကခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်တော့မှ လူအုပ်ကြီးကထိုအခြေအနေမှသတိ၀င်လာသည်။

ကျီချင်က ပါးစပ်ဟောင်းလောင်းနဲ့ကြက်သေသေနေကြတဲ့လူအုပ်ကိုကြည့်ကာ ကြောင်အနေတဲ့၀န်ထမ်းအားစိုက်ကြည့်ပီးလက်သီးတွေဆုပ်လိုက်ကာ
"ဒါက နိုင်ငံတကာမှာထိပ်သီးရောက်နေတဲ့စီကျီဟိုတယ်ရဲ့၀န်ဆောင်မှုလား"
ဆံပင်ကိုထုံးထားတဲ့အမျိုးသမီးက မြန်မြန်အရှေ့ကိုလာပီး ဦးညွှတ်ကာတောင်းပန်ရင်း
"ကျွန်မတောင်းပန်ပါတယ်၊ဒီလူတွေက တံခါးအတင်းဖွင့်ခိုင်းပီး ရှင့်ကိုစုံစမ်းမေးမြန်းစရာရှိလို့ဆိုပီးပြောလို့ပါ"

ပါတီတလျှောက်လုံးခန်းမမှာရှိနေတဲ့ကျီချင်က ရုတ်တရက်ကြီးဘာမှမပြောဘဲပျောက်သွားတော့ လူတွေကသံသယတွေ၀င်ပီးမေးမြန်းလာကြတယ်။
အဲ့မှာသန့်ရှင်းရေး၀န်ထမ်းမိန်းမကြီးက ကျယ်ကျယ်လောင်လောင်နဲ့အော်ပြောလာတယ်။
အဲ့ချိန်မှာလူအုပ်ထဲကတယောက်ကလည်း ကျီချင်အပေါ်ထပ်ကိုမိန်းကလေးတယောက်အားတွဲ၍တက်သွားပီး မိန်းကလေးပုံစံကလည်း ဆေးမိနေပုံရတယ်လို့ပြောလာတယ်။

ထိုစကားက ငြိမ်နေတဲ့ရေကန်ထဲကျောက်ခဲတလုံးပစ်ချလိုက်သကဲ့သို့ပင်။
ထိုသန့်ရှင်းရေးအမျိုးသမီးပြောပုံအရ မိန်းကလေးရဲ့ပုံပန်းသဏ္ဍာန်က သူပါတီကိုခေါ်လာပီးအခုရှာမတွေ့တဲ့ ချင်ချန်းချန်းနဲ့တူသည်ဟု မစ္စတာလိန်သိလိုက်ရသည်။
ချင်ချန်းချန်းကိုသမီးတယောက်လို ချစ်တဲ့မစ္စတာလိန်က ဒေါသတကြီးနဲ့
"ချန်းချန်းက ဖုန်းမင်ဥက္ကဌကိုသိမှမသိတာ၊ဘာလို့သူနဲ့အပေါ်ထပ်ကိုအတူတူလိုက်သွားရမှာလဲ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now