Chapter-3.2

2.8K 529 17
                                    


Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


အသံက အရိုးသားဆုံးပြောရရင် ရန်လိုနေသလိုလို  လူသတ်ချင်နေသလိုလို အသံပဲ။
ဂူရှီးယွီခေါင်းမော့လိုက်သည်။

ချင်ကျင်းရဲ့ပုံစံက သူမှန်းထားတာနဲ့မတူဘူးရယ်။
ဂူရွှင်ပြောတော့ ချင်ကျင်းကသက်လတ်ပိုင်းအရွယ်ဖြစ်ပီး အသောက်အစား၀ါသနာထုံလို့ အရွယ်ကျမြန်တယ်ဆို။
အခုရှေ့ကလူကျတော့ သပ်သပ်ရပ်ရပ်၀တ်စားထားပီး အသက်ကလည်း၃၀လောက်ပဲရှိဦးမယ်။
သူ့ရဲ့ခန့်ညားမှုနဲ့ ထက်မြက်နေတဲ့အရောင်အ၀ါတွေက ဂူရွှင်ပြောတဲ့လူရဲ့ပုံစံနဲ့ လုံး၀ဆက်စပ်ကြည့်လို့မရဘူးဖြစ်နေတယ်။

ဂူရှီးယွီက ဌာနခွဲခေါင်းဆောင်ဆိုပေမယ့်လည်း အဲ့လိုအရှိန်အ၀ါကိုသူခံစားမိနေတယ်။
လုံး၀သြဇာအာဏာကြီးမားတဲ့ လူတယောက်အရှိန်အ၀ါလိုမျိုး။
ဂူရှီးယွီ တည်ငြိမ်အောင်လုပ်လိုက်ပီး မ၀ံ့မရဲစမ်းခေါ်ကြည့်လိုက်သည်။
"မစ္စတာ ချင်ကျင်းလား"

ထိုလူအနဲငယ် မျက်ခုံးပင့်လိုက်ပီး လက်ကောက်၀တ်ဆီမှနာရီကိုကြည့်ကာ"ခဏနေရင် ကိုယ့်မှာအစည်းအ​ေ၀းတခုသွားစရာရှိတယ်။
အဲ့တော့အချိန်ဖြုန်းမနေဘဲ မြန်မြန်လုပ်စရာရှိတာလုပ်"
ဖောင်ဖြည့်တာ အချက်အလက်ဖြည့်တာ ဘာညာကိုတာ၀န်ရှိသူက ရှင်းပြနေသည်ကို ဂူရှီးယွီအာရုံစိုက်နားထောင်နေသည်။

ကျီချင်က ဂူရှီးယွီရဲ့ခံစားချက်မရှိတဲ့ မျက်၀န်းတွေကိုဖြတ်ကနဲ ကြည့်လိုက်သည်။
နောက် သူ့ရဲ့အရောင်ဖျော့ဖျော့မျက်ဆံတွေဆီမှ နှုတ်ခမ်းပါးတွေဆီအကြည့်ရောက်သွားသည်။
သူကတကယ့်ကို စိတ်ကူးယဥ်ဆန်မယ့်သူမျိုးပဲ။

"လူကြီးမင်းတို့၂ယောက် တရား၀င်ကြင်ဖော်ဖြစ်သွားတာ ဂုဏ်ယူပါတယ်ရှင်။ပျော်ပျော်ရွှင်ရွှင်နဲ့သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းရပါစေ လို့ဆုတောင်းပေးပါတယ်ရှင်"
သူတို့ကိုဖောင်ဖြည့်ဖို့ကူညီပေးတဲ့ မိန်းကလေး၀န်ထမ်းက စိတ်အားထက်သန်စွာနဲ့ပြောလေသည်။
သူမမျက်လုံးကလည်း ဘလင်းဘလင်းတောက်နေသည်။
ဂူရှီးယွီက သူမရဲ့ပါးပြင်က ပန်းရောင်ကနေအနီဘက်သန်းလာတာကို မြင်လိုက်ရသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now