Chapter-7

2.4K 508 16
                                    


Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


နောက်တနေ့ဂူရှီးယွီနိုးလာတော့ အိပ်ရာထဲမှာသူတယောက်တည်း။
ဘေးမှာကြောင်လေးတောင်မရှိဘူး။
ဖုန်းအားကလည်း ၁၀ရာခိုင်နှုန်းသာကျန်တော့သည်။
ဖုန်းကိုကြည့်လိုက်တော့ ဂူရွှင်နဲ့ရွှီချိုင်ထင်းဆီမှ ​များစွာသောmissed callတွေကို တွေ့လိုက်ရသည်။

သူတို့ဆီပြန်မခေါ်ဘဲ ဖုန်းscreenပိတ်လိုက်ပီး သူ့မျက်နှာကိုပွတ်သပ်ရင်း ထထိုင်ကာစောင်အပြင်ထွက်နေတဲ့ သူ့ခြေချောင်းလေးများကို စိုက်ကြည့်နေသည်။
ထို့နောက် ပြတင်းပေါက်ဘေးကစားပွဲပေါ်တွင် ဘူး၁ဘူးထားထားတာ မြင်လိုက်ကာ ကုတင်ပေါ်မှထပီးကြည့်လိုက်တော့ မျက်လုံးနဲ့ပတ်သက်တဲ့ဆေးဘူးဖြစ်နေသည်။
ကျီချင့်မျက်လုံး တခုခုဖြစ်နေလို့များလား။

ပြတင်းပေါက်ခန်းဆီးများက ပွင့်နေပီး
ခြံ၀င်းဆီထွက်လာသောလူတယောက်အား ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်။
ကျီချင်ကဖုန်းပြောနေပီး ကြောင်လေးကလည်း သူ့သခင်ခြေထောက်နားတွင် ပွတ်သီးပွတ်သပ်လုပ်နေလေသည်။
တိုက်ဆိုင်မှုကြောင့်လား တဖက်လူရဲ့ဆဌမအာရုံကြောင့်လားမသိ ဖုန်းပြောနေတဲ့သူမှာ ဂူရှီးယွီရှိတဲ့နေရာကိုမော့ကြည့်လာသည်။

"အင်း ကျနော် ရှယ်ယာအလွှဲအပြောင်းကိစ္စနဲ့ ပတ်သက်ပီး သူနဲ့တွေ့ချင်တဲ့အကြောင်း မစ္စတာအင်ဒရူးကိုပြောထားပီးပီ"
ကျီချင်မှာ ခြံ၀င်းတဖက်ဆီလမ်းလျှောက်သွားပီး သူ့လက်တွေကဘောင်းဘီအိတ်ထဲထည့်ကာ သော့ကိုဆုပ်ကိုင်ထားသည်။
"ဂူမိသားစုလား၊သူတို့က ဖုန်းမင်နဲ့ဘာမှမဆိုင်ပါဘူး။
ခများလည်းဘာမှအကူအညီပေးနေစရာမလိုပါဘူး"
ပြောပီးသည်နှင့် ရုတ်တရက်ခေါင်းမော့ကာ စံအိမ်တတိယထပ်ရဲ့ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
နောက်တော့ တချက်ပြုံးလိုက်ကာ
"ဘယ်သူတွေ ဘယ်လောက်ထိအတင့်ရဲမလဲ ဆိုတာသိချင်သေးတယ်"

ဂူရှီးယွီမျက်နှာသစ် အ၀တ်အစားလဲပီးနောက် အခန်းထဲမှထွက်ရန်ပြင်လိုက်သည်။
သူ့အတွက်က ကျီအိမ်မှာနေရတာထက်စာရင် ဂူအိမ်မှာနေရတာက ပိုပီးသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရသည်။
ဒါကလည်း သူကကျီအိမ်ကိုဧည့်သည်အနေနဲ့ပဲလာတာဆိုတော့ ဒီမှာသိပ်အကြာရီးနေဖို့အဆင်မပြေဘူးလေ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now