Chapter-16

2K 376 24
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


"ခရီးသည်များရှင် အခုဆိုလေယာဥ်ကFတိုင်းပြည် Bမြို့ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။
မကြာမီလေယာဥ်ဆင်းသက်တော့မှာဖြစ်တဲ့အတွက် ခါးပတ်လေးများပတ်ထားပေးကြရန်မေတ္တာရပ်ခံပါသည်ရှင်"
လေယာဥ်မယ်လေးရဲ့ချိုသာတဲ့ကြေညာသံအဆုံးမှာ ဂူရှီးယွီမျက်လုံးများပွင့်လာသည်။
လေယာဥ်ပြတင်းပေါက်ဆီမှနွေးထွေးတဲ့နေရောင်တွေဟာ သူတို့လေယာဥ်အခန်းထဲကိုဖြာကျနေသည်။

သူ့ဘေးမှကျီချင်က Tabletကိုပိတ်လိုက်ပီးမျက်လုံးမှိတ်ကာ မျက်ခုံးကိုပွတ်လိုက်သည်။
သူ့မျက်နှာထက်တွင်ပင်ပန်းနွမ်းနယ်နေမှုများ အတိုင်းသားမြင်နေရသည်။
ထို့နောက်ကျီချင်ကဂူရှီးယွီဘက်လှည့်ကာ
"လေယာဥ်ဆိုက်တာနဲ့ ကိုယ်cilentတယောက်နဲ့သွားတွေ့ရမှာ၊တကယ်လို့မင်းပင်ပန်းနေရင် ဟိုတယ်အရင်သွားနှင့်ဖို့ကျင်းခဲ့ကိုပြောလိုက်မယ်"
ဂူရှီးယွီက ဘယ်သူသူ့ကိုခြုံပေးထားမှန်းမသိတဲ့စောင်ကိုကိုင်ကာ
"ကျနော်ခုနကအိပ်ပျော်သွားတော့ မပင်ပန်းပါဘူး"

ဗီလိန်ရဲ့ပုံစံက သူထင်ထားသလိုမဆိုး၀ါးတော့ အခုမစ်ရှင်လည်းအရမ်းခက်ခဲမှာမဟုတ်ပါဘူးလေ။
ဒါပေမယ့် သူ့မတိုင်ခင်တာ၀န်ထမ်းဆောင်ခဲ့တဲ့သူတွေကဘာလို့မစ်ရှင်တွေမအောင်ဘဲ ခွေးပြေး၀က်ပြေးပြန်​ပြေးလာကြတာလဲ...
နောက်ထပ်နာရီ၀က်လောက်အကြာမှာတော့ လေယာဥ်ကချောချောမွေ့မွေ့နဲ့မြေပေါ်ဆင်းသက်ခဲ့လေပီ။
ဂူရှီးယွီနဲ့၂ခုံကျော်မှာ ရွှေ၀ါရောင်ဆံပင်နဲ့ကလေးမတယောက်ရှိတယ်။
လေယာဥ်ဆိုက်တော့အားလုံးကကိုယ့်luggageတွေကိုယ်ယူပီးဆင်းဖို့ပြင်နေကြပေမယ့် အဲ့ကလေးမလေးကထိုင်ခုံမှာပဲထိုင်နေပီးဂူရှီးယွီကိုကြည့်နေသည်။
သူမက ၅နှစ် ၆နှစ်အရွယ်သာသာရှိပီး သူမမျက်နှာကပြည့်ပြည့်ဖောင်းဖောင်းနဲ့မျက်လုံး၀ိုင်း၀ိုင်းလေးဖြင့် ဂူရှီးယွီကိုချစ်စရာကောင်းစွာရီပြနေသည်။

ကလေးတွေကအဲ့လိုပဲစူးစမ်းတတ်ကြတော့ ဂူရှီးယွီကသိပ်အာရုံမထားမိပါ။
ဒါပေမယ့် အခြားခရီးသည်တွေရော သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာပီးတဖက်လှည့်ကာတိုးတိုးတိတ်တိတ်ခွီနေကြသည်။
သူတို့ဆီမှ 'ချစ်စရာလေးဟယ်' ဆိုတဲ့တီးတိုးအသံတွေပါကြားနေရသည်။
အဲ့လူတွေကပြုံးနေပေမယ့် သူ့စိတ်ထဲမှာတော့တခုခုထူးဆန်းနေသလိုခံစားရသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now