Chapter-25{Arc 1 End}

2.7K 442 84
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်

တနင်္ဂနွေနေ့ရောက်တော့ ရှေးခေတ်ဥရောပစတိုင်ဆောက်ထားတဲ့ဟိုတယ်အပြင်ဘက်တွင် ဇိမ်ခံကားကြီးတွေမျိုးစုံတစီးပီးတစီးရောက်လာကာ ဧည့်သည်တော်များလည်းရောက်ရှိလာကြသည်။
ကုရှီးယွီကမျက်နှာဖုံးအမဲတပ်ကာ လက်ထဲမှာလည်းပန်းစည်းတစည်းနဲ့အတူ လှပစွာ၀တ်ဆင်ထားတဲ့လူတွေကြားဖြတ်ပီးဟိုတယ်ကောင်တာဆီလျှောက်လာသည်။
ထို့နောက်သူ့IDကတ်ကိုမထုတ်ခင် ချောင်းအနဲငယ်ဟန့်လိုက်သေးသည်။
ကောင်တာမှအမျိုးသမီးက ကုရှီးယွီလက်ထဲမှနှင်းဆီပန်းတွေကိုတချက်ကြည့်ပီး
"ခဏလေးစောင့်ပေးပါရှင်"
အခန်းကိုစာရင်းသွင်းတဲ့အဆင့်ကမြန်ဆန်စွာနဲ့ပီးသွားကာ
"ဒါက လူကြီးမင်းရဲ့အခန်းကတ်ပါ၊အခန်းနံပါတ်ကတော့ ၁၃၂၁ပါရှင်..."

ထိုနေ့ကကျီချင့်ရုံးခန်းမှအဖြစ်အပျက်ကြောင့်သူသေလောက်အောင်ရှက်နေပီး အဲ့နောက်ပိုင်းကျီချင်နဲ့တောင်မတွေ့ဖြစ်ပေ။
ကျီချင်ကလည်းအလုပ်ထဲမှာပဲရှိနေကာ တခါတလေမှသာမက်ဆေ့ချ်လေးဘာလေးပို့လာသည်။
ကုရှီးယွီကအမြဲ ကျီချင်ကိုဘာတွေကြံနေတာလဲလို့မေးမေးနေပေမယ့် ထိုသူကတော့အကြိမ်တိုင်းစကားလမ်းကြောင်းလွှဲကာ
"မစိုးရိမ်ပါနဲ့ ဘာပဲဖြစ်ဖြစ် မင်းကိုတော့မထိခိုက်စေရဘူး"
တခါတလေလည်း ဘာစိတ်ကူးပေါက်၍မသိ
"တနေ့မှာကိုယ်သာမင်းခွင့်မလွှတ်နိုင်တဲ့ကိစ္စမျိုး လုပ်ခဲ့မိရင်မင်းဘာလုပ်မလဲ"
ကုရှီးယွီကလည်း ရွဲ့သလိုစကားလုံးတွေနဲ့
"ကျနော်ကိုယ်တိုင် ခင်ဗျားကိုထောင်ထဲပို့ပစ်မှာ"
အချိန်နဲ့ယန္တရားဌာနချုပ်က ထောင်ကိုပေါ့....
ထိုအခါ ကျီချင်ကရီဝေဝေအသံနဲ့
"မင်းလေးကအရမ်းရက်စက်တာပဲကွာ"

ကုရှီးယွီ ကျီချင်ဗုံးဖောက်နိုင်ခြေရှိတဲ့နေရာကိုရှာဖို့ဟိုတယ်မှာအခန်းယူကာ ကျီချင်ရဲ့အစီအစဥ်တွေကိုသိရှိထောက်လှမ်းနိုင်ရန်ပြင်ဆင်လိုက်သည်။
"သူဒီဟိုတယ်ထဲမှာရှိနေတာ သေချာလား"
ကုရှီးယွီဓာတ်လှေကားထဲ၀င်လိုက်ချိန် ကျီချင်ဒီဟိုတယ်မှာရှိနေတာသေချာအောင်Systemအားလှမ်းမေးလိုက်သည်။
Systemကလုံး၀ အာမခံတဲ့အသံနဲ့
[သေချာတယ်]
ထိုလူ့နာမည်က ဖိတ်ကြားထားတဲ့ဧည့်သည်တော်စာရင်းထဲမှာမပါ၀င်ပေ။
ထိုလူကလည်းဒီနေရာကို အလုပ်မရှိအကိုင်မရှိလို့အားယားနေလို့လာတာ မဟုတ်ဘူးဆိုတာတော့သေချာသည်။
ကုရှီးယွီကကျီချင်ရှိတဲ့နေရာကို Systemအားမေးပေမယ့် Systemကတော့တခွန်းတည်းပြောလာသည်
[မှန်းကြည့်လေ]
ကုရှီးယွီမှreportထုဖို့ခလုတ်ကိုမနှိပ်ခင်မှာပဲ Systemကရိုးသားတဲ့ဖိုးသခွားလေသံလေးနဲ့
[ကျနော်တကယ်မသိတာ Host။
Hostကိုယ်တိုင်လိုက်ရှာကြည့်]

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now