Chapter -13

2.2K 437 10
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ရုံးခန်းထဲကလေထုက တိတ်ဆိတ်နေပီး ခုနကပေါက်ပေါက်ဖောက်နေတဲ့ ဒါရိုက်တာလီကလည်း ဆွံ့အကာကြက်သေသေနေသည်။
ထိုအချိန်တွင် ကွန်ပြူတာဆီမှကျီချင်အသံကဆက်လက်ထွက်ပေါ်လာသည်။

"ကျနော်တို့လက်ထပ်မှတ်ပုံတင်ထားတာမကြာသေးဘူး။
သူကအရမ်းအရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေးပါ၊အစတုန်းက အခုလိုတရား၀င်ကြေညာဖို့သူသဘောမတူခဲ့ဘူး။
သူ့လက်ရှိအလုပ်မှာ ပွက်လောရိုက်သွားမှာစိုးရိမ်နေတာလေ။
ဒါပေမယ့် မနေ့ကကိစ္စလေးတွေဖြစ်သွားတော့ အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ပီးတရား၀င်ဖြေရှင်းရတာပါ"

လူထုအနေနဲ့ဆို ကျီချင်ကသွားထိဖို့မလွယ်တဲ့လူစားမျိုး။
သူက ပါပါရာဇီတွေတောင်သူ့အကြောင်းတွေဖော်ထုတ်လို့မရအောင်သို၀ှက်နေတတ်တဲ့လူ။
တခါတုန်းက သတင်းထောက်တယောက် ကျီချင်ဓာတ်ပုံရိုက်ပီးလိုင်းပေါ်တက်လိုက်တယ်။
ကျီချင်ဘက်ကဓာတ်ပုံကိုဖျက်ခိုင်းပေမယ့် သတင်းထောက်ကငြင်းလိုက်တယ်။
နောက်တနေ့လည်းကျရော အဲ့သတင်းထောက်ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိလိုက်ဘူး။

ရှင်းရှင်းပြောရရင် ကျီချင်အခုလိုလူထုရှေ့ မီဒီယာရှေ့မထွက်ပေါ်လာတာ နှစ်၂၀လောက်ရှိပီ။
ရုံးခန်းထဲက လူတွေအားလုံးပါးစပ်အဟောင်းသားနဲ့ ဂူရှီးယွီကိုကြည့်လိုက် ကွန်ပျူတာဆီမှကျီချင်ပြောတာနားထောင်လိုက် ဖြစ်နေကာ သူတို့ပါးစပ်တွေက ယင်၀င်ဥလို့တောင်ရသည်။

ကွန်ပျူတာပိုင်ရှင်က မြန်မြန်clickနှိပ်ကာရပ်လိုက်တော့ ရုံးခန်းကအရင်လိုပြန်လည်တိတ်ဆိတ်သွားတော့သည်။
အကုန်လုံးကစကားထုတ်မပြောကြပေမယ့် တယောက်နဲ့တယောက်အကြည့်ချင်းဆုံရင်း ပါးစပ်လှုပ်ရုံနဲ့
"ဘာတွေဖြစ်သွားတာတုန်းဟ"
ဂူရှီးယွီကတော့ သူ့ဆီလာပီး၀န်ထမ်းကတ်ကိုဆွဲကိုင်ထားတဲ့ ဒါရိုက်တာလီကိုသာကြည့်နေသည်။
မြင်ကွင်းကတော့ ကသိကအောက်နိုင်လှသည်။

ဒါရိုက်တာလီက ၀န်ထမ်းကတ်ကိုဆက်ကိုင်ထားရင်း စိတ်ငြိမ်ငြိမ်ထားကာမေးလိုက်သည်
"မစ္စတာကျီပြောသွားတဲ့သူက မင်းလား"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now