Chapter-6

2.4K 510 24
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


နောက်ဆုံးတော့လည်း ဂူရှီးယွီကဘယ်သူ့ကိုမှကျိန်ဆဲမနေတော့ဘဲ တဖက်ကအမျိုးသမီးကြီးကို ဦးညွှတ်ပီးယဥ်ယဥ်ကျေးကျေးပဲ နှုတ်ဆက်လိုက်သည်။
သူဘယ်လောက်ပဲ အံ့သြပီးဒေါသတွေထွက်နေပါစေ ဘယ်လောက်ပဲကျီချင်ဆိုတဲ့လူကြီးကို မျက်ခွက်တွေပိတ်ထိုးချင်နေပါစေ၊ဧည့်ခန်းမှာထိုင်နေတဲ့ ရွှေကိုင်းမျက်မှန်နဲ့ အမျိုးသမီးကြီးရဲ့အမူအရာပုံသဏ္ဍာန်ကိုထောက်ထားပီး ဘာမှမလုပ်ဖြစ်ပေ။

ကျီချင်က သူ့ကိုမျက်နှာချင်းဆိုင် ဆိုဖာမှာထိုင်ခိုင်းစေပီးတော့မှ ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်သည်။
"သူ့နာမည်က ဂူရှီးယွီပါ။
ဂူနည်းပညာကုမ္ပဏီက ဥက္ကဌဂူရဲ့သားလေ"

ကျီချင်က ကျီဇီရွှမ်နဲ့အမျိုးသမီးကြီးကိုသူ့ရဲ့အကြောင်းတွေ မိတ်ဆက်ပေးနေခဲ့တယ်။
ကျီချင်ရဲ့လေသံဟာဖြင့် အရမ်းတွေကြည်လင်နူးညံ့နေပီး ဖြောင့်ဖြူးနေတာပဲ။
မသိတဲ့သူတွေသာဆို သူတို့၂ယောက်က ဟိုးအရင်ကတည်းက ရင်းနှီးချစ်ခင်လာတဲ့သူတွေလို့တောင် ထင်သွားကြမှာ။

ဒါမယ့် ဂူရှီးယွီအနေနဲ့ကတော့ လောလောဆယ်သူ့စိတ်တွေ ဟာလာဟင်းလင်းရီး ဖြစ်နေတယ်။
အာ့ကြောင့်မို့ပေါ့ ဒင်းကလိန်လီနာနဲ့လက်မထပ်ဖြစ်လို့ မစ်ရှင်အောင်သွားတာက သူနဲ့လက်ထပ်ဖြစ်သွားလို့ကိုး။
သူ့မှာ မသာမယာနဲ့Systemကိုမေးလိုက်သည်
"ဘာလို့ ငါလက်ထပ်ထားတဲ့လူက ရုတ်တရက်ကြီး ကျီချင်ဖြစ်သွားတာတုန်း"

ပစ်မှတ်နဲ့ပတ်သက်ပီး သူစီစဥ်ထားတဲ့အရာတွေ တလွဲတွေဖြစ်ကုန်တာကို နဲနဲလေးမှမကျေနပ်ဘူး။
Systemကတော့ရိုးသားစွာပဲ ပြောလာပါတယ်
"အဲ့ဒါ မင်းကိုယ်မင်းမေးရမှာ မဟုတ်ဘူးလား"

ဂူရှီးယွီခမျာမှာတော့ ဘာမှပြန်မပြောနိုင်လောက်အောင် ဆွံ့အလျက်။

"ဂူကုမ္ပဏီ ဟုတ်လား။ငါတခါမှမကြားဖူးဘူး"
အမျိုးသမီးကြီးဟာ ခေါင်းတောင်မော့မလာဘဲ ဘေးကအစေခံပေးတဲ့လက်ဖက်ရည်ကိုသာသောက်နေရင်း ပြောလိုက်သည်။
သူလွန်ခဲ့တဲ့ရက်တွေတုန်းက ကျီချင်ကိုလိုက်ရှာနေစဥ်က သတင်းအချို့ကိုကြားထားမိသည်။
ဒီအမျိုးသမီးကြီးက အကြီးအကဲကျီရဲ့
မိန်းမ လင်ဖန်းရူဖြစ်ပေမယ့် ကျီချင်ရဲ့အမေရင်းတော့မဟုတ်ဘူး။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now