Chapter-8

2.3K 495 15
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


"အဲ့မစ်ရှင်ကိုငြင်းမယ်ဆိုရင်ရော"
ရှင်းပြသည်များအားနားထောင်ပီးနောက် ဂူရှီးယွီဆီမှပထမဆုံးထွက်လာတဲ့စကားပင်ဖြစ်သည်။
အလိုအလျောက်ဖြေဆိုသံကလည်း ထွက်ပေါ်လာသည်။

[တကယ်လို့Hostက Systemရဲ့ညွှန်ကြားချက်တွေ မစ်ရှင်တွေကိုငြင်းဆန်မယ်ဆိုရင် အာခံမှုအဖြစ်သတ်မှတ်ပီး ပြစ်ဒဏ်ကြီးကြီးမားမားခံရမှာဖြစ်ပါတယ်]

"..."

ဒီမစ်ရှင်က သူတခါမှမထင်မှတ်ထားခဲ့သည့်အရာပင်။
ဂူရှီးယွီတယောက် ခေါင်းပင်ကိုက်လာသည်။
ဓားတချောင်းပေးပီး ရန်သူကိုသေတဲ့အထိသွားသတ် ဆိုတဲ့မစ်ရှင်ရရင်တောင် သူ့အတွက်လွယ်ချင်လွယ်ဦးမယ်။
သူခေါင်းကိုလှည့်ပီးဘေးက ကျီချင်ကိုကြည့်လိုက်တော့ ထိုသူကသူ့မေးသူလက်နဲ့ပွတ်နေပီး ရှေ့ကြည့်ကာတခုခုကြောင့် အံ့သြနေပုံရသည်။

"အဲ့ဒါ ကွယ်လွန်သွားတဲ့အကြီးအကဲရဲ့ဆန္ဒပဲ။
မင်းတို့ဘာတွေပြောပြော ပြောင်းလဲပစ်လို့မရတာအမှန်ပဲ။
ရှေ့နေကြီး ဆက်ပြောပါ"
လင်ဖန်းရူရဲ့အသံကအရမ်းမကျယ်သော်လည်း အိမ်တော်ကြီးရဲ့သခင်မတယောက်အနေနဲ့တော့ သြဇာရှိသည်။
အကုန်လုံးတယောက်တပေါက်ပြောနေသည်များ ငြိမ်ကျသွားသည်။

တကယ်တော့ ကျီဇီရွမ်ရဲ့အရည်အချင်းကို မယုံကြည်ရုံတင်မဟုတ်၊သူတို့အခွင့်အရေးမရ၍လည်း မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။
ယခုချိန်ဆက်ပြောနေရင်တော့ လင်ဖန်းရူဒေါသပိုထွက်လာမှာ သိနေသဖြင့် အကုန်လုံးယာယီမျှ တိတ်ဆိတ်သွားကြသည်။
ကျီစံအိမ်ကြီးအားလင်ဖန်းရူအတွက် ချန်ထားခဲ့ခြင်းအပြင် ကျီရန်ရဲ့အခြားကလေးတွေ မြေးတွေအားလည်းပိုင်ဆိုင်မှုခွဲ​ေ၀ပေးထားခဲ့သည်။
အခု ကျီချင့်အလှည့်ဖြစ်သည်။

ယွမ်၅မီလီယံနဲ့ စံအိမ်အခွဲဖြစ်တဲ့ခြံ၀င်းသေးသေးကိုသာ အမွေအဖြစ်ပေးခဲ့ခြင်း။
ဒါကလည်း သူလက်ထပ်ပီးမှသာရမည်ဖြစ်ပီး လူပျိုလူလွတ်ဖြစ်နေပါက တပြားတရွေးမှ မရရှိပေ။
အခုမှ ငယ်ငယ်လေးပဲရှိသေးတဲ့ ကျီရန်ရဲ့အငယ်ဆုံးမြေးမလေးတောင် ယွမ်မီလီယံပေါင်းများစွာအမွေရခဲ့တာ။
သူမ၂၁နှစ်ပြည့်လို့လက်ထပ်ရင် လက်ဖွဲ့ပစ္စည်းအနေနဲ့ ကျွန်း၁ကျွန်းကိုပါပေးခဲ့သေးတယ်။
အဲ့အချိန်ကျရင် ကာလပေါက်စျေးအရ ထိုကျွန်းမှာစျေးပိုမြင့်လာခဲ့မှာ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now