(၁)

7.1K 933 64
                                    


{Unicode}

အခန်း(၁) - မျက်နှာချင်းဆိုင်အခန်းကို ပြောင်းလာတဲ့ ကိုလူချောလေး



ချန်ရှောင်းသည် သူနှင့်မျက်နှာချင်းဆိုင်က ကောင်ချောလေးရဲ့အခန်းကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်မိသည်။

ပြီးခဲ့သည့်အပတ် ချန်ရှောင်း အလုပ်ကပြန်လာသည့်အချိန် သူတို့၏ ခြောက်လွှာတိုက်အိုကြီးအောက်တွင် အပေါက်ဝတစ်ခုလုံးပိတ်လုနီးနီး ပစ္စည်းတွေ စုပုံချထားသည်ကို တွေ့လိုက်ရ၏။ လမ်းမှာ နဂိုကတည်းကပင် ကျဉ်းနေပြီးသားဖြစ်ရာ အခုလို အခြေအနေမျိုးတွင် အထဲဝင်ဖို့ရန်ပင် ခက်၍သွားသည်။

သူ့အရှေ့က ပုံးကြီးပုံးငယ်အသွယ်သွယ်နှင့် ပစ္စည်းပစ္စယအပုံလိုက်ကြီးကိုကြည့်ရင်း ချန်ရှောင်းသည် မျက်မှောင်ကြုတ်ကာ 'ဘယ်လိုလူကများ ဒီလောက်တောင် မစဉ်းစားတတ်ရတာပါလိမ့် .. ဒီအတိုင်း ထားထားခဲ့တာ သူ့ပစ္စည်းတွေ သူများ မ သွားမှာ မစိုးရိမ်ဘူးလား .. သူများတကာ သွားရလာခက်လောက်အောင် လမ်းပိတ်သွားမှာကိုကော အားမနာတတ်ဘူးလား' ဟု တွေးနေမိသည်။ သူသည် ကိုယ်ကို ကိုင်းလိုက်ကာ ပစ္စည်းတွေကို နေရာရွေ့ဖို့ ကြိုးစားလိုက်၏။

'အား .. သောက်ချီးတဲ့မှ .. ငါ မ မနိုင်ဘူးဟ'

ချန်ရှောင်းသည် ရှိသမျှအားနှင့် ပုံးတွေကို ကန်ကာ အော်ထည့်လိုက်သည်။

"ဘယ်သူ့ ပုံးတွေလည်းဗျို့ .. ဒီမယ် .. မှောက်ပြီး အကုန်လုံး ပြုတ်ကျကုန်ပြီ !"

တိုက်အဟောင်းတွေ၏ အားသာချက်က အောက်ထပ်ကနေ အော်ပြောလိုက်ရင်တောင် တိုက်တစ်ဝက်လောက်အထိ ကြားနိုင်တာဖြစ်သည်။ တိုက်တစ်ခုလုံးမှ ခြောက်လွှာပဲရှိသည်ဖြစ်ရာ တစ်စုံတစ်ယောက်ကတော့ ကြားသွားမည်ပင်။

သူ မှန်းတာ မမှား၊ အပေါ်ထပ်မှနေ၍ အပြေးအလွှားဆင်းလာသည့် ခြေသံတွေကို ကြားလိုက်ရသည်။

"အာ .. ကျွန်တော့ ပုံးတွေ .. "

ချန်ရှောင်းသည် လေကို ဝ အောင် ရှူသွင်းလိုက်ကာ ဆင်းလာသည့်သူကို ဩဝါဒခြွေဖို့ရန် ပြင်ထားလိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ ..

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now