(၁၃)

4.2K 673 25
                                    


{Unicode}

အခန်း(၁၃) - အချစ်ဆိုတာ အရမ်းကို နာကျင်ရမှန်း သိလိုက်ပြီ

မနက်ရောက်၍ အခန်းတံခါးဖွင့်လိုက်သည်နှင့် အခန်းရှေ့တွင် ဟိုကြည့်ဒီကြည့်လုပ်နေသည့် ချန်ရှောင်းကို တွေ့လိုက်ရသည်။

"ချန်ရှောင်း .. မင်း ဘယ်အချိန်လောက် အဲ့ကို သွား .... "

ကုမုန့်ယန်သည် ပြီးဆုံးအောင် မပြောလိုက်ရခင်မှာပင် တစ်ဖက်လူ၏ နှုတ်ခမ်းတွေအောက်တွင် ပြောမည့်စကားတို့ ပျောက်ဆုံးသွားရတော့သည်။

ချန်ရှောင်းသည် ကုမုန့်ယန် ရုန်းထွက်မသွားနိုင်စေရန် သူ့ လက်နှစ်ဖက်ဖြင့် ခေါင်းကို ထိန်းချုပ်ထားသည်။ နှုတ်ခမ်းနှစ်လွှာကိုလည်း ပူးကပ်နေအောင် ဖိ၍ ထားကာ ပထမတွင် လျှာနှင့်လျက်နေရာမှ တဖြည်းဖြည်းနှင့် ထိုလျှာသည် ကုမုန့်ယန်၏ ခံတွင်းထိတိုင် တိုးဝင်လာ၏။

ချန်ရှောင်းသည် စိတ်ထဲမှနေ၍ ရေတွက်နေသည်။

တစ် နှစ် သုံး လေး

ငါး အထိ ရေတွက်ပြီးသွားသည့်အခါတွင် သူသည် ကုမုန့်ယန်ကို လွှတ်ပေးလိုက်၏။

"ကုမုန့်ယန် .. ငါ မင်းကို သဘောကျတယ်"

တစ်ဖက်မှ မည်သည့်အသံမျှ ထွက်မလာ၊ သို့နှင့် သူ နောက်တစ်ခါ ထပ်ပြောလိုက်ပြန်သည်။

"ချန်ရှောင်း .. ငါ .. အရင်ဆုံး ခဏလောက် စောင့်ပါဦး .... "

ကုမုန့်ယန်၏ အသက်ရှူသံသည် တဖြည်းဖြည်းနှင့် မြန်ဆန်လို့လာသည်။ ထိုသူ့မျက်နှာပေါ်တွင် ပေါ်နေသည့် အမူအရာကို ချန်ရှောင်းအနေနှင့် နားမလည်နိုင်၊ သူ သေချာစိုက်မကြည့်ရဲတာကြောင့်လည်းပါသည်။ ချန်ရှောင်းသည် သူ့ ခြေထောက်ကိုသာ စိုက်ကြည့်နေပြီး ခေါင်းအသာခါကာ ပြုံးလိုက်မိ၏။

"ငါ သိတယ် .. သိတယ် ... "

သူသည် ကုမုန့်ယန် တားမည်ကိုပင် မစောင့်နိုင်တော့၊ ချက်ချင်း နောက်လှည့်ကာ သူ့ အခန်းထဲ ပြေးဝင်ပြီး တံခါးကို အမြန်လေး ပိတ်ချလိုက်သည်။ သူ အခန်းထဲရောက်သွားသည်အထိ ထိုသူကား အနောက်မှ လိုက်မလာပါချေ။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now