(၈)

4.4K 691 21
                                    


{Unicode}

အခန်း(၈) - ငါ့ရဲ့ အပျက်ကောင်လေးရယ် .. မင်းကို ဘယ်သူကများ လမ်းလွဲသွားစေရတာလဲ ?



ထိုညတွင် အတော်ညဥ့်နက်သည်အထိ သူတို့နှစ်ဦးစလုံး အပြင်မှာပဲရှိနေကြသေးသည်။ ရသမျှ ဒဏ်ရာတွေထဲ နဖူးထက်မှ ဒဏ်ရာက နက်လွန်း၍ ချုပ်ဖို့ရန် လိုအပ်သည်၊ မချုပ်သေးခင် အနာကို အရင်သန့်စင်ရသေးရာ ထိုအဆင့်မှာတင် အတော်နာ၏။ ကုမုန့်ယန်သည် ခုတင်စွန်းတွင်ထိုင်ကာ သူ့ကို ကြည့်နေသည်။ တစ်ချက်တချက် ချန်ချောင်း အသားထဲ အပ်နှစ်ဝင်သွားလျင် သူပါ နာကျင်လာသည့်အလား စုတ်သပ်ကာ ဘေးနားကနေ 'မနာဘူး .. မနာဘူး' ဟူ၍လည်း ခပ်တိုးတိုး ရေရွတ်နေသေးသည်။ သူ့ပုံစံကြောင့် သူနာပြုဆရာမလေးတောင် ပြုံးစိစိဖြစ်ရသည်။

"ဘယ်သူက ဒီလောက်လေးနဲ့ နာမလဲ !"

ကုမုန့်ယန်သည် သူ့ကို ဘာမှ မတုန့်ပြန်၊ ချုပ်ပေးသည့် ဆရာဝန်ကိုသာ သူ သိချင်တာတွေ မေးနေသည်။

"ဆရာ .. သူ့ နဖူးပေါ် အမာရွတ်တော့ မကျန်လောက်ဘူးထင်တယ်နော် .. ကျန်ခဲ့လောက်လား ခင်ဗျ ?"

"ဒီလောက်နက်တဲ့ ဒဏ်ရာက အမာရွတ်မကျန်ပဲနဲ့ နေမလားဗျ .. ဒါပေမဲ့ ကြည့်ရဆိုးလောက်အောင်တော့ မဖြစ်ပါဘူး"

ကုမုန့်ယန်၏မျက်နှာသည် မှုန်မှိုင်း၍သွားပြန်၏။

ချန်ရှောင်းသည် မျက်နှာ ခပ်ရဲရဲဖြင့်

"ဟေး ! .. ငါလို ယောက်ျားကြီးတစ်ယောက်က အမာရွတ်ကျန်မှာ ကြောက်နေစရာလားလို့ .. ဒါနဲ့ ပတ်သက်ပြီး စိတ်မပူနဲ့"

ကုမုန့်ယန်သည်ကား ချန်ရှောင်းပြောလိုက်သည့်စကားကပဲ အနည်းမှားယွင်းနေသလိုမျိုးနှင့် စိုက်ကြည့်လာသည်။ သူဘာပြောပြော စကားပြန်မရဘဲရှိနေရာ ချန်ရှောင်းမှာ ရှက်တောင်လာ၏။ သူစိမ်းတွေအရှေ့ စိတ်ရှိသလိုပြော၍ကလည်း အဆင်မပြေသည်မို့ ကုမုန့်ယန် လက်မောင်းကို သူ့လက်ချောင်းလေးနှင့် အသာအယာထိုးကာ သတိပေးလိုက်ရသည်။ သူတို့နှစ်ယောက်၏ အခြေအတင်ဖြစ်နေသည့် ပုံစံကိုကြည့်ကာ ဆရာဝန်ကတောင် ရယ်နေသည်။

"ခင်ဗျားတို့ ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းအဆင်ပြေတာပဲကော"

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now