(၁၇)

4.2K 543 4
                                    


{Unicode}

အခန်း(၁၇) - မိုးသည်းညတစ်ည၌ အဝတ်မဲ့ ကခုန်ခြင်း


ကံဆိုးစွာနှင့် ချန်ရှောင်း ရုံးဆင်းချိန်တွင် မိုးရွာနေသည်။ မိုးလေဝသသတင်းတွင် တိုင်ဖွန်းမုန်တိုင်း အသိပေးချက်ကို ဖတ်လိုက်ရသော်လည်း ချက်ချင်းကြီး ရွာချမည် မထင်ထားခဲ့မိရာ ထီးလည်း ပါမလာခဲ့ချေ။

မိုးထဲလေထဲ ဖြတ်ပြီး အိမ်လည်း ပြန်မသွားချင်၊ သူသည် ကုမ္ပဏီစင်ဝင်အောက်နားလေးတွင် မိုးတိတ်သွားမည်ကိုသာ ရပ်စောင့်နေလိုက်သည်။ မိုးရွာမှာကို သိထားပြီးဖြစ်ပါလျက်နှင့် ကုမုန့်ယန် စကားကိုနားထောင်ပြီး ထီးဆောင်လာခဲ့လျင် အကောင်းသားဟု တွေးနေမိသည်။ ထိုသူကတော့ ကံကောင်းစွာနှင့် ထီးယူသွားသည်ပဲ။ ချန်ရှောင်းသည် သက်ပြင်းတစ်ချက် အသာချလိုက်၏၊ ဒီထက်ပိုပြီး မိုးသည်းမလာလောက်ပါဘူးဟု တွေးကာ ကုမုန့်ယန်ကို မခေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

တစ်ကယ်တန်းတွင်မူ မိုးက ပိုလို့တောင် သည်းလာသေး၏၊ သည်းသည်ကမှ လမ်းတစ်လျှောက် ရေအိုင်ငယ်လေးတွေ အိုင်ထွန်းသွားသည်အထိ။ ကောင်ကင်ကြီးတစ်ခုလုံး ပို၍ မည်းမှောင်ညှို့မှိုင်းလာသည်နှင့်အတူ သွားလာနေကြသည့်သူ အတော်များများမှာ အနီးဆုံးတက္ကစီကိုတားကာ တက်စီးသွားကြကုန်သည်။

~ ဘယ်လိုတောင် ကံဆိုးလိုက်သလဲ !! ~

ချန်ရှောင်းသည် စိတ်ထဲက ညည်းတွားနေရင်း အသက်ဝဝ ရှိုက်ရှူလိုက်သည်။ လက်ထဲက စာရွက်စာတမ်းတွေထည့်ထားသည့်အိတ်ကို ရင်ဘတ်ဆီ ပွေ့ယူသိမ်းလိုက်ပြီး ဝုန်းဒိုင်းကြဲနေသည့် မိုးရေတွေထဲ ပြေးထွက်လိုက်တော့၏။

မိုးရေတွေကြောင့် သူ့အမြင်အာရုံတွေသည် မသဲမကွဲဖြစ်၍နေကာ စိုစိစိုစိအထိအတွေ့နှင့် အေးစက်ခြင်းကိုသာ ခံစားထိတွေ့မိသည်။ သူ့နားထဲတွင်လည်း ကားဟွန်းသံတွေ ဆူညံလို့နေ၏။ ဒီလို အခြေအနေမျိုးတွင် ရထားဘူတာကို ရောက်အောင်သွားဖို့ မလွယ်၊ ဘူတာ အဝင်ပေါက်တွင် တိုးဝင်သူများနှင့် ပြည့်ညှပ်ကျပ်နေရာ သူသည် ဝင်ပေါက် စတိုးဆိုင်အမိုးအောက်နားလေးတွင် သနားစရာကောင်းလောက်အောင် ရပ်စောင့်နေရပြန်၏။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Wo Geschichten leben. Entdecke jetzt