(၁၁)

4.3K 662 12
                                    


{Unicode}

အခန်း(၁၁) - ဒီထက်ပိုပြီး သတ္တိရှိလိုက်စမ်းပါ

ကုမုန့်ယန်သည် ခါတိုင်းနှင့်မတူ ပိုပြီး ထူးဆန်းလာသည်ဟု ချန်ရှောင်း ထင်လာမိရ၏။

ဘာတွေကများ ထူးဆန်းလာတာပါလဲ ?

~ အို .. ဘယ်လိုမျိုးလဲဆိုတော့ အဲ့အပျက်ကောင်လေးက အရမ်းပဲ ကလေးဆန်ပြီး မဆီလျော်တဲ့ အပြုအမူတွေ လုပ်နေတယ်လေ ~

ပြောရမယ်ဆို ခုလိုမျိုးပေါ့ :

"ချန်ရှောင်း .. ငါ့ကို ပန်းသီးခွဲပေး"

လော်ရှင်းသည် ဆိုဖာပေါ်ထိုင်နေရင်း သူ့ကို လှမ်းအော်ပြောသည်။

"ဟေ့ .. ကိုယ့်ဘာသာ သွားခွဲ"

"ချန်ရှောင်း .. ငါ့ကိုလည်း ခွဲပေး"

"ကုမုန့်ယန် .. ဘာလို့ မင်းကပါ .... "

ချန်ရှောင်းက ထိုမျှသာ ပြောရသေးသည်၊ ကုမုန့်ယန်က သနားစရာကောင်းလှသည့် မျက်လုံးဝိုင်းကြီးတွေဖြင့် သူ့ကို ကြည့်ပြီးနေပြီ။ သူ့မျက်နှာပေါ်မှာ ပေါ်နေသည့် အမူအရာက ဒေါသထွက်နေတာလား ဒါမှ မဟုတ် ရှက်ရွံ့နေတာလားဆိုတာ သူကိုယ်တိုင်တောင်မှ သိပါရဲ့လား။ ထို့အပြင် ကုမုန့်ယန်က နှုတ်ခမ်းကိုလည်း စူတူတူလုပ်ထားလိုက်သေးသည်မှာ 'ငါ့ကို ပန်းသီး ခွဲမပေးဘူးဆို အဲ့တစ်ယောက်ကိုလည်း ခွဲမပေးရဘူး' ဟု ပြောချင်နေသည့်အတိုင်းပင်။

ချန်ရှောင်းမှာတော့ ကုမုန့်ယန်၏ နှုတ်ခမ်းစူစူလေးကို မြင်လိုက်ရသည်နှင့် နှလုံးသားတွေ အရည်ပျော်ကုန်တော့သည်။

~ ဘယ်လိုလုပ်ရမလဲ .. ငါ ဒီကောင်လေးကို အရမ်းပဲ ဘူလီပစ်လိုက်ချင်လာပြီ !!! ~

ကုမုန့်ယန် နောက်တစ်မျိုး ဂျီကျပုံ :

"ချန်ရှောင်း .. နက်ဖြန် ငါ့ကို ဟိုနားဒီနားလေး လိုက်ပြဦး"

"အိုခေး"

"ငါလည်း လိုက်မယ်"

"ကုမုန့်ယန် .. နက်ဖြန် မင်း အလုပ်သွားဖို့ရှိတယ်လေ"

"ဒါဆို မင်းကျ ဘာလို့ အလုပ်မသွားလဲ !"

"ငါက လော်ရှင်းကို လိုက်ပို့ပေးစရာရှိသေးလို့လေ"

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now