(၁၅)

4.1K 551 5
                                    


{Unicode}

အခန်း(၁၅) - နေ့ရက်လေးတွေ တဖြည်းဖြည်း ကုန်ဆုံးသွားတဲ့အခါ



မနက် ခုနစ်နာရီတွင် နှိုးစက်သံမြည်လာသည်။

ချန်ရှောင်းသည် နာရီကို တစ်ချက်မျှ ကြည့်လိုက်ကာ နှိုးစက်ကို ပြန်ပိတ်လိုက်၏။ နောက် ငါးမိနစ်အကြာ နှိုးစက်ပြန်မြည်လာချိန်တွင် သူသည် ဘေးနားရှိလူကို တံတောင်နှင့် အသာတွတ်ကာ ​ပြောလိုက်သည်။

"ကုမုန့်ယန် .. ထတော့"

"ဟမ် .. "

သူ့ တစ်ကိုယ်လုံးကို ဖက်အိပ်ထားသည့် ကုမုန့်ယန်သည် မသဲမကွဲ​ အသံပြုကာ လည်ပင်းနား တိုးဝှေ့ပြီး ပွတ်သီးပွတ်သပ်က လုပ်နေလိုက်သေး၏၊ ထို့နောက် ချန်ရှောင်းကို တစ်ချက်နမ်းလိုက်ပြီး သမ်းဝေကာ ထထိုင်သည်။

"ချန်ရှောင်း .. မင်းလည်း ထရမှာပဲဟာကို ... "

"ဒီတိုင်း .. ခဏလေး နောက်ထပ် မိနစ်ပိစိလေးလောက် အိပ်ချင်သေးတယ်"

"မင်း .. အဲ့လိုပဲ ခဏလေး အိပ်ဦးမယ် ပြောပြောပြီးရင် အိပ်ပျော်သွားရော .. ပြီးခါကျ မနက်စာစားခါနီး နှစ်မိနှစ်လောက်အလိုမှ နိုးလာပြီး မနက်စာကို ကမန်းကတန်းစားဦးမယ် .. လာပါ .. ထ ထ !"

ကုမုန့်ယန်သည် အင်္ကျီကောက်စွပ်နေရင်း ချန်ရှောင်းကို တွန်းကာ နှိုးနေသည်။ ချန်ရှောင်းသည် စောင်ကို လည်ပင်းအထိ လုံအောင် ဆွဲခြုံလိုက်ပြီး တစ်ကိုယ်လုံးကို ကျုံ့ထားလိုက်၏။

"ရှူး .. တစ်ကယ် နှစ်မိနစ်လောက်ပဲ အိပ်မယ် .. ရေချိုးခန်းထဲ လူနှစ်ယောက် မဆန့်တဲ့အတူတူ မင်း အရင်သွားနှင့် .. မင်းပြန်လာတဲ့အချိန်ကျ ငါ တစ်ကယ်ထ ... "

ချန်ရှောင်းသည် ပြောနေရင်းတန်းလန်းနှင့် ပြန်အိပ်ပျော်သွားပြန်၏။ မနက်ခင်း အိပ်ရာမှ ထရသည့်အချိန်တိုင်း ချန်ရှောင်းမှာ ဒေါကလည်း ပွတတ်သေးလေရာ သူ့ကို နှိုးနေရသည့်အလုပ်သည် ကုမုန့်ယန်အတွက် အတော့ကို ခေါင်းခဲစရာဖြစ်၍လာရသည်၊ သို့တိုင်အောင် သူ့မှာ အကြမ်းပတမ်းလည်း မလုပ်ရက်နိုင်ပြန်ပေ။

"ဒါဆိုလည်း ကိုယ့်စကားနဲ့ ကိုယ် ထနော်"

ကုမုန့်ယန်သည် သက်ပြင်းအသာချကာ ချန်ရှောင်း၏ ရှုပ်ပွနေသည့် ခေါင်းကို အသာဖွဖွ ပွတ်ပေးလိုက်ပြီး ရေချိုးခန်းဘက်ဆီ ထွက်သွားသည်။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now