(၇)

3.8K 708 30
                                    


{Unicode}

အခန်း(၇) - ကံဆိုးနေရင် ရေသောက်တာတောင် သွားက ကျဥ်တက်သွားတာမျိုး




လမ်းကြားလေးထဲ ပိတ်မိနေသည့် ချန်ရှောင်းသည် ဘာကြောင့်များ သူ ဒီလို အခြေအနေမျိုးထိ ရောက်လာရတာပါလိမ့်ဟု သူ့ကိုယ်သူ ပြန်မေးနေမိ၏။

ပထမဆုံး အဆင်မပြေတာကနေ စပြောရရင် ဟင်းသီးဟင်းရွက် ဝယ်တာကနေ စရမည်။ ဈေးသည်ဆီက အရွက်တစ်မျိုးကို ဝယ်ပြီးခါမှ ထိုအရွက်က ဟင်းချက်စားလို့ မရသည့် အရွက်မှန်း သတိထားမိသွားကာ ချက်ချင်းပြန်သွားလဲသော်လည်း ဈေးသည်က ထိုနေရာမှာ မရှိတော့။ သူ့မှာ မအီမလည် ခံစားချက်ကြီးနှင့် နောက်တစ်ခါ ထပ်ဝယ်လိုက်ရပြန်သည်။

Supermarket ကို သွားပြန်တော့ ပြန်အထွက်တွင် အချက်ပေးသံက မြည်လာပြန်၏။ ဘယ်သူတောင်းစားလေးက သူ့ခြင်းတောင်းထဲ ပစ္စည်းတွေ ကောက်ထည့်သွားမှန်းမသိ၊ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့မှာ အတော်ကြာအောင် ဖြေရှင်းလိုက်ရသည်။

ကံဆိုးလွန်း၍ နှစ်တစ်နှစ်၏ ကံအဆိုးဆုံလူပြိုင်ပွဲတွင် ဝင်ပြိုင်လျင် ထိပ်ဆုံးဆုရ ဆယ်ယောက်စာရင်းထဲတောင် ဝင်လောက်ပြီဟု သူထင်မိရသည်အထိ။

ဒီလိုနှင့် အိမ်ကို အမြန်ပြန်ရောက်ရန် လမ်းကျဥ်းလေးတစ်ခုကို ဖြတ်ပြီးသွားရသည့် ဖြတ်လမ်းကနေ လာခဲ့သည်။ ဒါကြောင့်ပဲ သူ့ တစ်သက်တာတွင် တစ်ခါမှ မကြုံခဲ့ဖူးသည့် သူခိုးဓားပြတွေနှင့် သွားတိုးကာ ပထမဆုံးအကြိမ် လုယက်ခြင်းခံရတော့၏။

ချန်ရှောင်း အသက်ဝဝ တစ်ချက်ရှိုက်ရှူလိုက်သည်။ မိုးကလည်း ရွာနေသည်ဖြစ်ရာ တစ်ဆတ်ဆတ် တုန်ခါချင်နေသည့် လက်တွေသည် မိုးကြောင့်ပဲလား၊ သူ့ ထိတ်လန့်စိတ်ကြောင့်ပဲ တုန်ခါနေသည်လား သေချာမပြောနိုင်ပဲရှိသည်။

~ ဒီလို မိုးအရမ်းသည်းနေပုံမျိုးနဲ့ ငါ အော်ပြီး အကူအညီတောင်းလည်း ဘယ်သူမှ မကြားနိုင်လောက်ဘူး .. ဟုတ် ?? ~

သူ့ မျက်နှာချင်းဆိုင်တွင် မျက်နှာကို အဝတ်စည်းထားသည့် လူနှစ်ယောက်ရှိသည်။ သူတို့ လက်ထဲတွင် ချွန်မြနေမည် ထင်ရသည့် ဓားတွေကိုင်ဆောင်ထားကြကာ ချန်ရှောင်းဘက်ဆီ ဓားဦးတွေနှင့် ချိန်ရွယ်လို့ထား၏။ တန်ဖိုးရှိလှသည့် အသက်လေး ကြာရှည်ခံရန်အတွက် ချန်ရှောင်းသည်လည်း ဘာလုပ်ရမည်ကို ဝေခွဲမရနိုင်ဖြစ်နေသည်။ နှစ်ယောက် တစ်ယောက်အပြင် သူတို့လက်ထဲတွင် လက်နက်တွေက ပါသေးသည်။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now