(၅)

4.1K 699 11
                                    


{Unicode}

အခန်း(၅) - ဘဝဆိုတာ မိုးလေဝသ သတင်းလိုပဲ .. နေသာမယ်လို့ ကြေငြာထားပြီး တစ်ကယ်တန်းကျ မိုးရွာချင် ရွာတတ်တာမျိုး




" ဟေး .. ကုမုန့်ယန် "

" ငါ .. ငါ အောက်ဆင်းပြီး ဖရဲသီး ဝယ်လိုက်ဦးမယ် ! "

" ........ "

ချန်ရှောင်းမှာ လက်ထောင်ပြပြီ နှုတ်ဆက်ရုံရှိသေး၊ ကုမုန့်ယန်သည် မျက်နှာကြီးနီကာ ပြောပြောဆိုဆိုနှင့် ပြေးဆင်းသွားပြီး လေတိုးသံကိုသာ ချန်ထားရစ်ခဲ့သည်။ ချန်ရှောင်းနှင့် မျက်နှာချင်းဆိုင်ဖို့အရေးသည် ကုမုန်ယန်အတွက်တော့ အသေအချာကိုပင် ခက်ခဲနေပေလိမ့်မည်။ တစ်ရက်တုန်းဆီက နှစ်ဦးသားအပြန်အလှန် ကိစ္စဖြေရှင်းပေးကြအပြီး သူတို့နှစ်ယောက် ရှက်ရှက်နှင့် ဘာမှ ဆက်မပြောဖြစ်ကြ။

ကုမုန့်ယန်သည် သူတို့၏ အပေအကျံတွေကို မြန်မြန်ဆန်ဆန်လေး သန့်ရှင်းရေးလုပ်ပေးပြီးသည်နှင့် အိပ်ယာကို လိပ်ကာ သူ့အခန်းဆီ ပြန်ပြေးတော့သည်။ လောလောလတ်လတ် ပြီးသွားတာကြောင့် ပျော့ခွေခွေဖြစ်ချင်နေသည့် ချန်ရှောင်းဆီက စကားတစ်ခွန်းကိုသော်မျှ စောင့်နားမထောင်ခဲ့။ ချန်ရှောင်းကိုယ်တိုင်ပင် ရဲတင်းစွာနှင့် လုပ်လိုက်မိသည့်ကိစ္စအပေါ် မယုံကြည်နိုင်ဖြစ်နေရသည်။ သို့သော်လည်း သူ့လက်တွေပေါ် ကုမုန့်ယန်၏ အငွေ့အသက်တွေ ကျန်ရှိနေသေးကြောင်း တွေးလိုက်မိသည်နှင့် ကျေနပ်မိရသည်။

" ဟေး .. ကုမုန့်ယန် ... "

လေပူတစ်ချက် ဝှေ့တိုက်သွားသကဲ့သို့ပင်၊ လမ်းတစ်ဘက်ခြမ်းရှိ ထိုသူသည်ကား ပျောက်ကွယ်၍သွားလေပြီ။

" ကု ..... "

ဘန်းကနဲ အသံနှင့်အတူ တစ်ဘက်အခြမ်းက တံခါးသည်ကား သူ့မျက်နှာကို မရိုက်မိရုံတမယ် ပိတ်ချသွားသည်။

နှဖူးထက်တွင်ရှိသည့် သွေးကြောတွေ အပြိုင်းပြိုင်းထလာခြင်းနှင့်အတူ ချန်ရှောင်း၏ မျက်နှာသည် နက်မှောင်၍လာ၏။

" ကုမုန့်ယန် .. စကားပြောရအောင် ထွက်လာခဲ့စမ်းပါဦး .. မင်း အခု တံခါးမဖွင့်ပေးဘူးဆို ငါ မနက်တိုင်း မင်း အခန်းရှေ့လာပြီး အာသာလာဖြေပလိုက်မှာနော် "

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now