(၂၆)

4.9K 396 4
                                    


{Unicode}

အခန်း(၂၆) - အချပ်ပို ခြောက်၊ အိပ်ရာပေါ် သံမှိုစိုက်



ဟယ်ကျင်းဖေ့ ရေချိုးပြီး ထွက်လာသည့်အချိန် အိပ်ရာပေါ် ကိုယ်လုံးတီးနှင့် လူးလှိမ့်နေသည့် လော့ရှင်းကို တွေ့လိုက်ရသည်။ သူ့ ဂွကြားဆီမှ အရာကြီးသည်လည်း မာနေသည့်အနေအထား မရောက်သေးသည့်တိုင် လော့ရှင်းလှုပ်ရှားမှုအတိုင်းလိုက်ကာ ယမ်းခါလို့နေ၏။

"ခုချက်ချင်း အင်္ကျီဝတ် .. ငါ့ အိပ်ရာကို ညစ်ပတ်အောင် မလုပ်နဲ့"

လော့ရှင်းသည် ပြုံးဖြဲဖြဲနှင့် ဟယ်ကျင်းဖေ့ကို အိပ်ရာပေါ် ဆွဲချလိုက်ကာ

"အိပ်ရာကို ညစ်ပတ်အောင် လုပ်ဖို့ပဲ ငါ့ကို ဒီမှာ ညအိပ်ခိုင်းတာ မဟုတ်ဘူးလားလို့"

ဟယ်ကျင်းဖေ့မှာ ဒေါပွရုံကလွဲ၍ ဘာမှ မတတ်နိုင်၊ ရိုးသားဖြူစင်သည့် မျက်နှာလေးနှင့် မလိုက်မဖက် ထိုသို့နားရှက်ဖွယ်ရာ စကားတွေ ပြောလာသည့်အချိန်တိုင်း သေအောင် သတ်ပစ်လိုက်ချင်၏။ တစ်ကယ်တမ်းတွင်မူ သူ့မှာ လက်သီးနှင့်တောင် မထိုးရက်နိုင်ပါပေ။

ထို့ကြောင့်ပင် သူသည်လည်း ညစ်ပတ်သည့်နည်းလမ်းကို ပြန်သုံးသည့်အနေနှင့် လော့ရှင်းပါးစပ်ကို သူ့နှုတ်ခမ်းတွေနှင့် ပိတ်ပစ်လိုက်တော့သည်။

လော့ရှင်းသည် ဟယ်ကျင်းဖေ့၏ လျှာဖျားနုနုကို သွားတွေနှင့် ကိုက်ခဲထားလိုက်ရင်း မကောင်းဆိုးရွာအပြုံးကြီး ပြုံးနေ၏။

"Mr.ဟယ်တောင် ပိုပြီးတော့ ဉာဏ်များတတ်လာပြီပဲ"

ဟယ်ကျင်းဖေ့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လျှာတစ်ခုလုံး စုပ်ယူခြင်းခံလိုက်ရသည်။

လျှာကို ပြင်းပြင်းပြပြ စုပ်ယူခြင်းခံနေသည်ဖြစ်ရာ သူ့အူတွေ အသည်းတွေထဲအထိပါ ယားကျိကျိဖြစ်လာသည်။ သူ့ခန္ဓာကိုယ်ကလည်း သဘာဝကျစွာပင် တုံ့ပြန်လာ၏။ လော့ရှင်း၏ အသားချောင်းကလည်း သူ့ပေါင်တွင်းသားနှင့် တိုက်ရိုက်ထိတွေ့မိနေသည်။ ဖြည်းဖြည်းခြင်း ပွတ်တိုက်ရင်းနှင့် ပိုပိုမာတောင့်လာပြီး ထိပ်ဖျားဆီမှ ရှေ့ပြေးအရည်ကြည်တွေပင် ထွက်စပြုလာသည်။

🎉 You've finished reading ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်} 🎉
ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now