(၁၂)

4K 647 10
                                    


{Unicode}

အခန်း(၁၂) - ချန်ရှောင်းက လူကောင်းလေး .. သူ့ကို မနာကျင်စေနဲ့



ဩဂုတ်လ၏ နွေရာသီကား ပူလောင်လွန်းသည်ဖြစ်ရာ မနက်အစော နေရောင်မပြင်းသည့်အချိန်မျိုးဆိုလျင်ပင် အိမ်အပြင်ကို ခြေတစ်လမ်းသော်မျှ မထွက်ချင်။ အပြင်ဘက် သစ်ပင် ခြုံပုတ်တွေနားဆီမှ ပုရစ်တွေကလည်း မနားတမ်းကို အသံမြည်လျက်ရှိသည်။ ပြတင်းဘက်ဆီမှ ဝင်လာသည့် နေရောင်ခြည်ကလည်း တောက်ပလွန်းလေရာ အခန်းတစ်ခုလုံး လင်းချင်းလို့နေ၏။

ချန်ရှောင်းသည် အသက်ဝဝတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ရိတ်ပြီးခါစ ချောမွတ်နေသည့် မျက်နှာတစ်လျှောက်ကို စမ်းကြည့်သည်။ မှန်နံရံထက်ဆီမှ မြင်နေရသည့် သူ့ကိုယ်သူ တစ်ချက်ကြည့်ကာ ပြုံးလိုက်မိ၏။ မျက်နှာကိုလည်း ချောမွတ်နေအောင် ရိတ်သင်ပြီးပြီ၊ ဆံပင်တွေကိုလည်း သပ်ရပ်နေအောင် ပုံသွင်းပြီးပြီ၊ ရိုးရိုးဆင်းဆင်းပင် တီရှပ်အဖြူလေး ဝတ်ဆင်ထားရာ သူ့ပုံစံသည် ရှိရင်းစွဲ အသက်ထက်ပင် ပိုငယ်ကာသွားတော့၏။

~ အိုး အို .. အကြည်ဓာတ်လေးတွေနဲ့ တလက်လက်တောက်ပနေတဲ့ လူငယ်လေးပါလား .. ဘယ်သူမဆို ငါ့ကို တစ်ချက်ကြည့်လိုက်မိတာနဲ့ ကြိုက်ကုန်ကြတော့မှာပဲ ~

စိတ်ကြည်လျက်ရှိရာ ပူပြင်းလှသည့်အပူချိန်ကိုပင် နွေးနွေးလေးနှင့် နေလို့ကောင်းသည်ဟု ထင်နေမိသည်။ ဖိနပ်ပါးကို စွတ်၊ အပြင်ဘက် နေရောင်ခြည်အောက်မှာ ထွက်ပြီးတော့ ပြေးလွှားချင်စိတ်တွေတောင်ပေါ်လာ၏။

ယနေ့တွင် ကုမုန့်ယန်ဆီသွားပြီး သူ သဘောကျနေသည့်အကြောင်း ဖွင့်ဟဝန်ခံဖို့ရန် စဥ်းစားထားသည်။ သူ့ မျက်နှာချင်းဆိုင်အခန်းကို ပြောင်းလာသည့်နေ့၊ အနည်းငယ် ရှက်နေသည့် အပြုံးမျက်နှာလေးနှင့် "ဖရဲသီး စားပါဦး" ဟု ပြောလိုက်စဥ်ကတည်းက သူ သဘောကျသွားမိတာဆိုသည့်အကြောင်းကို ဖွင့်ဟပြောပစ်လိုက်တော့မည်။

ကုမုန့်ယန်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူကတော့ လုံးဝကို ဝန်ခံပစ်လိုက်တော့မည်ဟု အဆုံးထိ တွေးထားလိုက်သည်။ သူ့ကို ပြန်မကြိုက်နိုင်ဘူးဆိုစေဦး၊ သူ မည်သို့ခံစားနေရသည့်အကြောင်း ကုမုန့်ယန်ကိုတော့ သိသွားစေချင်သည်။ တစ်ခြားဘက်က ပြောရမည်ဆိုလျင် မိမိကိုယ်တိုင်အတွက် ဖြောင့်ချက်ပေးခြင်းလို့လည်း ပြော၍ရသည်၊ သူသာ သတ္တိရှိရှိ ဝန်မခံလိုက်ရဘူးဆိုလျင် တစ်ဘဝလုံး နောင်တရကောင်း ရနေလောက်မည်။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Место, где живут истории. Откройте их для себя