(၂)

4.8K 844 51
                                    


{Unicode}

အခန်း(၂) - တွင်းတူးမယ်၊ ဝင်ပုန်းနေပြီး မင်း ပြုတ်ကျလာတဲ့အခါ ကောက်ယူမယ်



"အာ .. ချန်ရှောင်း .. တစ်ခုခုလိုလို့လား ?"

ထမင်းစားချိန်ဖြစ်ရာ ကုမုန့်ယန် တံခါးလာဖွင့်ပေးသည့်အချိန် သူ့လက်ထဲတွင် တူကိုင်လျက်သားနှင့်ဖြစ်နေသည်။

ချန်ရှောင်းသည် ကုမုန့်ယန်၏ နှုတ်ခမ်းထောင့်စွန်းတွင် ထမင်းစေ့ကပ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့နှသားကို ကြောင်တစ်ကောင်က လက်သည်းတွေနှင့် ကုတ်ခြစ်နေသည့်အတိုင်းပင် ယားကျိကျိဖြစ်ရသည်။

~ အဲ့ ထမင်းစေ့လေးကို လျှာနဲ့လျက်ပြီး ဖယ်ပေးချင်လိုက်တာ ~

"ချန်ရှောင်း ?"

"*အဟွတ် အဟွတ်* .... အိုး .. အနှောက်အယှက်ပေးသလိုဖြစ်သွားရင် ဆောရီးပါ .. ဒါက .. အာ .. ငါ့အခန်းမှာ ရုတ်တရက်ကြီး မီးပြတ်သွားလို့ .. အာ့နဲ့ မင်းအခန်းဆီလာပြီး မီးပြတ် မပြတ် .. လာချောင်းတာ"

"မင်း အခန်းဘက်ပဲ ဖြစ်တာများလား .. ဒီမှာတော့ လာနေသားပဲ"

ပြောပြီး သက်သေထူသည့်အနေနှင့် ကုမုန့်ယန်သည် အထဲဘက်ဆီ တံခါးလှပ်ပြီးတော့တောင် ပြနေလိုက်သေး၏။

ချန်ရှောင်းသည် သူလည်း မသိဘူးဟူသည့် အမူအရာဖြင့် ပုခုံးတွန့်ပြလိုက်ကာ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်တုန်းရှိသေး ကုမုန့်ယန်က အရင်မေးလာသည်။

"ဆိုတော့ မင်း စားပြီးပြီလား ?"

~ အို အို .. မင်းလေးက ထင်သလောက်လည်း မတုံးသေးပါဘူး .. ကြည့် အစာကို လာဟပ်ပြီ ~

ချန်ရှောင်းသည် အတွင်းကြိတ်သာယာနေသည့်တိုင် သူ့မျက်နှာထက်တွင်တော့ ခါးသက်နေသည့် အမူအရာလေးဖြင့်

"ဘယ်စားရဦးမလဲ .. ချက်ဖို့ပြုတ်ဖို့ ပြင်နေတုန်းရှိသေး .. မီးပြတ်သွားတာပဲ .. ငါ့မှာ ဆာလို့သေတော့မယ်"

အလွန်သနားစဖွယ်ကောင်းအောင် ပြောနေရင်းနှင့် ကုမုန့်ယန်ကိုလည်း မျှော်လင့်နေသည့်အကြည့်တွေနှင့် ကြည့်နေလိုက်သေးသည်၊ ပေကလပ်ပေကလပ်လုပ်နေသည့် မျက်ဝန်းအစုံသည် မျက်ရည်ကြည်တွေ ဝိုင်းနေသည့်အလား တဖျတ်ဖျတ်တောက်ပလို့နေ၏။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now