(၃)

4.3K 747 6
                                    


{Unicode}

အခန်း(၃) - အကွေးတစ်ယောက်ရှာတာ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကို ရခဲ့တယ်



အရင်တစ်ခါကိစ္စ ပြီးချိန်ကစ၍ ချန်ရှောင်းသည် တစ်ခုခုလိုတိုင်း ကုမုန့်ယန်ဆီ သွားသွားပြီး အပူကပ်ကာ နီးစပ်ဖို့ရန်အကြောင်းရှာတော့သည်။ ကုမုန့်ယန်၏ သဘောသဘာဝကိုက ပျော့ပျော့ပြောင်းပြောင်းဆက်ဆံတတ်တာလည်းဖြစ်မည်၊ မဟုတ်လည်း အရှက်ကြီးသည့် စရိုက်ရှိတာဖြစ်ချင်လည်းဖြစ်မည်။ ဒါကြောင့်ပင် ချန်ရှောင်းဘက်က စတင်ပြီး အခေါ်အပြောမလုပ်ဘူးဆိုလျင် ထမင်းအတူတူစားဖို့ရန်ဖြစ်စေ၊ အလုပ်က ပြန်လာတိုင်း AC ခန်းထဲ လာအပန်းဖြေဖို့ရန်ဖြစ်စေ မည်သည့်အခါမျှ သူ့ဘာသာသူ ရောက်မလာတတ်ပေ။ လာပြီဆိုလျင်လည်း ဖရဲသီးတစ်လုံးကတော့ အမြဲလိုလိုပါလာတတ်ကာ ချန်ရှောင်းနှင့် အတူတူမျှဝေစားလေ့ရှိသည်။

ချန်ရှောင်းသည် ဤလိုအခြေအနေမျိုးကို သဘောလည်းကျရသလို စိတ်လည်းပျက်မိရသည်။ ကုမုန့်ယန်၏ အရှက်သည်းတတ်သည့်ပုံကို နှစ်သက်မိရသည့်တိုင် ထိုမျှလောက်ထိ ရှက်တတ်ရသလားဟူ၍လည်း အားမလိုအားမရဖြစ်ရသည်။

ရှက်စရာမလိုလောက်အောင် သူ လမ်းကြောင်းဖွင့်ပေးထားပါရက်နှင့် ထိုသူ မသိလေရော့သလား ?

တစ်ခါတလေ ကုမုန့်ယန်ကိုကြည့်ကာ မိမိလုပ်ရပ်တွေကပဲ သူတစ်ပါးကို စိတ်အနှောက်အယှက်များဖြစ်သွားစေပြီလား၊ မဟုတ်လျင်လည်း အစကတည်းကပင် ကုမုန့်ယန်သည် ဤသို့ရင်းနှီးစွာမနေချင်ပါဘဲ မိမိတစ်ယောက်တည်းကသာ အရမ်းကရောကြီး အရောဝင်နေမိတာလားဟု တွေးတောမိရ၏။

ဤသို့တွေးမိပြန်သည့်အခါ ချန်ရှောင်းမှာ သူ့အတွေးနှင့်သူ ပတ်ချာလည်ကာ စိုးရိမ်ပူပန်လာရသည်၊ စိတ်ထဲရှိသည့်အတိုင်း ဖွင့်ဟမေးပစ်ချင်လာသည်။ သူသည် မိမိစိတ်ကို အနိုင်နိုင်အားတင်းကာ ကုမုန့်ယန်အိမ်ဘက်ကို နှစ်ရက်ခန့်မျှ မသွားဘဲနေလိုက်သည်။ သို့သော်လည်း တွေ့ချင်နေသူကို ပြင်ပလောကတွင် မတွေ့မမြင်ရသည့်အခါ ညတိုင်းလိုလိုပင် အိပ်မက်ထဲ ထည့်မက်မိတော့သည်၊ အိပ်မက်ထဲတွင် ကုမုန့်ယန်သည် မျက်နှာလေးနီနေလျက်သားနှင့် သူ့ကို ထွေးဖက်ထားပြီး အနမ်းတွေ ခြွေနေသည်တဲ့။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now