(၁၄)

4.8K 595 5
                                    


{Unicode}

အခန်း(၁၄) - သာယာပျော်ရွှင်စရာကောင်းတဲ့ အခန်းလေးမှာ ခေါင်းစဥ်တပ်ပေးဖို့ လိုဦးမတဲ့လား ?

ကုမုန့်ယန် ရေချိုးပြီး၍ ထွက်လာချိန် ချန်ရှောင်းမှာ အိပ်ရာပေါ်တွင် ရောက်နှင့်နေလေပြီ၊ သူ့ ဘေးဘက်နေရာလေးကို အသေအချာပင် ကုမုန့်ယန်အတွက် တစ်နေရာစာ ဖယ်ပေးထားသေး၏။ ကုမုန့်ယန်သည် သွက်လက်မြန်ဆန်သည့် ခြေလှမ်းတွေနှင့် အိပ်ရာရှိရာဆီ သွားကာ ချန်ရှောင်းအပေါ် ခုန်အုပ်လိုက်သည်။

"ချီးတဲ့မှ .. မင်းက သောက်ရမ်းလေးတယ် !"

ချန်ရှောင်း၏ မျက်နှာသည် နီရဲ၍နေကာ သူ့ကို လက်တစ်ဖက်ဖြင့် အသာတွန်းကန်လိုက်သော်ငြား ကုမုန့်ယန်က နောက်ဆုတ်မသွားသည့်အပြင် သူ့မျက်နှာအနှံ့ကိုတောင် ငုံခဲနေလိုက်သေးသည်။ ရေချိုးပြီးခါစဖြစ်ရာ ကုမုန့်ယန်၏ တစ်ကိုယ်လုံးသည် ရေငွေ့တွေနှင့် စိုစိုစွတ်စွတ်ဖြစ်နေသည်ကို ညအိပ်ဝတ်စုံတစ်ထပ် ခံလျက်သားနှင့်ပင် သူ ခံစားမိ၏။

"မင်း လုပ်ချင်တယ်ဆိုလည်း အမြန်လေးသာ လုပ်တော့ !"

"တစ်ကယ်ကြီး ?!"

ကုမုန့်ယန်သည် သူ့ကို မျက်လုံးအပြူးသားနှင့် ပြန်မေးနေသည်။ သူ့တွင် အမြှီးသာရှိပါမူ ယမ်းခါနေသည်ကိုတောင် မြင်ရနိုင်လောက်၏။

"လျှောက်ပြောနေတာ !"

ချန်ရှောင်းသည် ဒေါသထွက်ထွက်နှင့် နှုတ်ခမ်းထော်ကာ မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။ ထိုခဏမှာပင် ကြီးမားသည့်လက်တစ်စုံနှင့် ပြန်ဆွဲလှည့်လိုက်ခြင်းကို ခံလိုက်ရကာ နှုတ်ခမ်းထက်ဆီသို့ အနမ်းတွေ ကျရောက်လာ၏။

ကုမုန့်ယန်သည် တီးတိုးသံလေးနှင့်

"ချန်ရှောင်း .. ချန်ရှောင်း .. ငါ ဒီရက်တွေထဲ မင်းကို အရမ်းလွမ်းနေတာ"

ကုမုန့်ယန်သည် ချန်ရှောင်း၏ နှုတ်ခမ်းတစ်ခုလုံးကို လျှာဖြင့် အသာလျက်ကာ

"မင်း အကြောင်း တွေးမိလိုက်တာနဲ့တင် ငါ့ဟာကပါ မာလာတယ်"

~ အာ .. အာ .. အာ .. ငါ့နားလေးတော့ မုဒိမ်းကျင့်ခံနေရပါပြီနော် !!! ~

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now