(၁၆)

3.7K 568 10
                                    


{Unicode}

အခန်း(၁၆) - ဘဝဆိုတာ "Hello" လို့ နှုတ်ဆက်ပြီး "Goodbye" နဲ့ ခွဲခွာရခြင်းပါပဲ



ချန်ရှောင်း အပြင်ဘက်တွင် ရပ်နေသည့်သူကို ဒီအတိုင်းပဲ ကြည့်နေမိသည်။ ခဏတာမျှ ဗလာဖြစ်သွားသည့်စိတ်အစဥ်တွင် ချစ်ခြင်းနှင့် မုန်းခြင်းတို့ရှိမနေချေ။ မတွေ့မမြင်ရတာကြာပြီဖြစ်သည့် အသိတစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုသာ ခံစားလိုက်ရ၏။

"မင်း .. တစ်ခုခုများ လိုလို့လား ?"

"ချန်ရှောင်း .. ငါတို့တွေ ပြန်ဖြစ်နိုင် ... "

"ချန်ရှောင်း .. ဘယ်သူလာလို့လဲ ?"

မီးဖိုးခန်းဆီမှ ပျံ့လွင့်လာသည့်အသံကြောင့် သူတို့နှစ်ဦးစလုံး ခေတ္တမျှ မှင်တက်သွားရ၏။ ဟယ်ကျင်းဖေ့၏ မျက်နှာသည်လည်း ရှုံ့မဲ့လို့သွားကာ ချန်ရှောင်းကို တောင့်တောင့်ကြီးနှင့် စိုက်ကြည့်နေသည်၊ ထိုသူ၏ မျက်နှာအမူအရာကိုကား သူ မဖတ်တတ်ပါချေ။

ချန်ရှောင်းသည် ဟယ်ကျင်းဖေ့ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်၏။

"သူက ငါ့ကောင်လေး"

တစ်ဘက်လူ၏ ကြောင်အအ​ဖြစ်နေသည့် မျက်နှာကို မြင်လိုက်ရ၍ထင်၊ ချန်ရှောင်း၏ ခပ်တောင့်တောင့်ဖြစ်နေသည့် အမူအရာသည် အနည်းငယ်မျှ ပျော့ပြောင်းကာသွားရသည်။

ဟယ်ကျင်းဖေ့သည် သူ့ကို အတော်ကြာသည်အထိ ငေးစိုက်ကြည့်နေပြီး အသိစိတ်ကင်းလွတ်နေသည့်အတိုင်း သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ပြ၏။ သူ့လက်တွေသည် အကျင့်ပါနေသည့်အလား ချန်ရှောင်း၏ ခေါင်းကို ပွတ်ပေးရန် မြှောက်တက်သွားပြီး တစ်ဘက်လူက တိမ်းရှောင်လိုက်သည်ကို တွေ့ရသည့်အခါမှ အောက်ကိုပြန်ချလိုက်၏။

"ချန်ရှောင်း .. သူက .. ?"

ကုမုန့်ယန်သည် အေပရွန် ဝတ်ထားလျက်နှင့် ထွက်လာသည်၊ လက်ထဲတွင် ကိုင်ထားသည့် ယောင်းမနှင့် တံခါးဝတွင် ရပ်နေသူကို ညွှန်ပြကာ မေးလာ၏။

"အာ .. အသိဟောင်းပါ .. ဟယ်ကျင်းဖေ့ တဲ့"

ကုမုန့်ယန်သည် အပြုံးနှင့်အတူ ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ရင်း ထိုနာမည်ကို ရင်းနှီးနေသလိုပဲဟု စဥ်းစားနေမိသည်။ သေချာလေး ပြန်စဥ်းစားကြည့်လိုက်သည့်အချိန်တွင်ကား သူ လုံးဝကို မှတ်မိကာသွား၏။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now