(၁၀)

4.5K 736 37
                                    


{Unicode}

အခန်း(၁၀) - ငါပိုင်တာကို ထိဖို့ ခွင့်မပြုနိုင်

ကုမုန့်ယန်၏ မျက်နှာထက်တွင် အံ့အားသင့်မှုနှင့် ဒေါသထွက်နေသည့်အမူအရာတို့ ရောပြွမ်းလျက်ရှိသည်။ ထို့အပြင် ချန်ရှောင်း အမည်တပ်မပြောနိုင်သည့် အခြားအရိပ်တွေကလည်း ထွက်ပေါ်နေသေး၏။ ချန်ရှောင်းကိုယ်တိုင်မှာမူ ချွေးစေးတွေပြန်လာရပြီ၊ အပြစ်တစ်ခုခုကို ကျူးလွန်နေစဥ် လူမိသွား၍ မလုံမလဲဖြစ်သွားသလိုခံစားနေရရင်း တစ်ဘက်ကလည်း ပြန်စဥ်းစားမိနေသည်မှာ ထိုသို့ခံစားနေရအောင် သူက ကုမုန့်ယန်၏ အပိုင်လူလည်း မဟုတ်ဟူ၍။

လက်သည်တရားခံ လော်ရှင်းသည်ကား သူ့အပြစ်မဟုတ်သည့်အလား မသိချင်ယောင်ဆောင်ကာ ချန်ရှောင်း၏ ပုခုံးကိုတောင် လက်တင်ထားလိုက်သေး၏။ ချန်ရှောင်းအနားတိုးကပ်ကာ လေသံတိုးတိုးဖြင့်

"အာ .. ငါနမ်းတာ ဘယ်လိုလဲ .. ကောင်းလား ?"

ချန်ရှောင်းသည် ဒေါပွပွနှင့် လော်ရှင်းကို တံတောင်နှင့် ခပ်ပြင်းပြင်းလေးတွက်ပစ်လိုက်သည်။ မိမိ၏ လိင်စိတ်တိမ်းညွှတ်ရာကို ကုမုန့်ယန် အသေအချာရိပ်မိသွားခြင်းအတွက် စိုးရိမ်မိရသလို မသိစိတ်ထဲမှနေ၍လည်း မပီဝိုးတဝါးမျှော်လင့်ချက်တွေနှင့် လှုပ်ရှားရပြန်သည်။ လက်ရှိအခြေအနေမှာ မျက်နှာပူစရာကလည်း ကောင်းနေသည်မို့ ဘယ်လိုလုပ်ရမည်မှန်းမသိဖြစ်နေ၏။

~ ရှောင်ထွက်သွားရမလား .. ဒီအတိုင်းပဲနေရမလား .. ကုမုန့်ယန်နားသွားပြီး ရှင်းပြလိုက်ရမလား .. မရှင်းပြဘဲနေရမလား .. ဒါနဲ့ နေပါဦး .. ငါက ဘာကိစ္စ ရှင်းပြရမှာလဲ .. ငါကပဲ တစ်ဘက်သတ်ချစ်နေရတဲ့သူလေ .. နှစ်ဦးသဘောတူ ကြည်ဖြူပြီ ချစ်ရည်မျှနေကြတဲ့ ဆက်ဆံရေးမျိုးလည်း မဟုတ် ~

ကုမုန့်ယန်သည် ချန်ရှောင်း၏ မျက်ဝန်းတွေထဲ စိုက်ကြည့်မိလေ ပို၍ ဒေါသထွက်လေဖြစ်လာရသည်။ သူ့ကိုမြင်လျင် သွားစွယ်လေးတွေ ပေါ်သည်အထိ ပြုံးပြနေတတ်သည့် ချန်ရှောင်းသည် ယခုတော့ဖြင့် ညှိုမှိုင်းနေကာ မျက်မှောင်တွေကလည်း ကျုံ့ထားသေး၏။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now