(၄)

4K 711 11
                                    


{Unicode}

အခန်း(၄) - မင်းလည်း ကောင်း၊ ငါလည်း ကောင်း



"အာ .... ချန်ရှောင်း .. ?? "

ချန်ရှောင်းတစ်ကိုယ်လုံး တောင့်တင်း၍သွားသည်။ သူ၏ ထောင်ချင်ချင်ဖြစ်နေသည့် ထိုအပိုင်းလေးပင် ချက်ချင်း ပျော့ခွေသွားလေပြီ။

~ ချီးတဲ့မှ .. ဘာလုပ်ရမလဲ .. ဘာလုပ်ရမလဲ .. အိပ်မက်ယောင်နေတာလို့ ပြောလိုက်ရမလား .. ငါတော့ သွားပြီ .. ကုမုန့်ယန်က ငါ့ကို နှာဗူးကောင်လို့ သတ်မှတ်လိုက်တော့မှာပဲ ~

သူ့ပါးစပ်သည် ဟလာလိုက်၊ စိသွားလိုက်နှင့် အကြိမ်ပေါင်းများစွာဖြစ်နေသည့်တိုင် ဘာစကားမှ ထွက်မလာ။ သူ့တစ်ကိုယ်လုံး ချွေးစေးတွေစီးကျ၍လာကာ သူ့မျက်လုံးတွေသည် အခုလေးတင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် ကုမုန့်ယန်၏ လက်ချောင်းတွေဆီ မမှိတ်မသုန် ငေးစိုက်ကြည့်နေမိသည်။

"ညပဲ တအားနက်နေပြီ .. ဘာလို့ မအိပ်သေးတာလဲ .. အော .. အိပ်လို့မပျော်လို့လား .. ဒါဆို ကလေးချော့တေးနဲ့ သိပ်ပေးမယ် .. ကောင်းကောင်းအိပ်တော့နော်"

ကုမုန့်ယန်၏ အသံသည် အိပ်ချင်မူးတူးနှင့် ခပ်လေးလေးဖြစ်၍နေကာ ပြောပြီး ချန်ရှောင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ပြတ်တောင်းပြတ်တောင်း သံစဥ်တစ်ချို့ ကုမုန့်ယန်ပါးစပ်ဖျားဆီက ထွက်ပေါ်လာပြီး ထိုတစ်ကြောင်းကိုပင် ထပ်ခါထပ်ခါ ကျော့ဆိုနေကာ မကြာမှီမှာပင် ပြန်လည်အိပ်မောကျ၍သွား၏။

ချန်ရှောင်းသည် နွေးထွေးတောင့်တင်းလှသည့် ရင်ခွင်ကျယ်ကြီးထဲ မှီတွယ်ကာထားရင်း သူ့နှလုံးသားလေးကပါ အပြင်ကို ပေါက်ထွက်လာတော့မလိုမျိုးခံစားနေရသည်။

~ ကံကောင်းလို့ .. အိပ်မက်ယောင်ပြီး လျှောက်ပြောနေတာက ကုမုန့်ယန်ဖြစ်နေတယ် .. ဒါမဲ့ နေစမ်းပါဦး .. ဒီလူက အသိစိတ် သိပ်မကပ်တဲ့အချိန်မှာတောင် အဲ့လောက်ထိ ချစ်စရာကောင်းနေရလား !! ~

ကုမုန့်ယန်သည် သူ့ကို ချော့သိပ်ရင်း ပြန်အိပ်ပျော်သွားသည့်တိုင် ချန်ရှောင်းကို ဖက်ထားသည့်လက်တွေက နာရီဝက်ကျော်ကျော်လောက် ကြာကာမှ ပြေလျှော့၍သွားသည်။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now