အပိုင်း - ၂ (U+Z)

30.7K 3.6K 30
                                    

Unicode

တစ်ညလုံး အိပ်ရာထဲမှာ လူးလှိမ့်နေခဲ့သော်လည်း
နောက်တစ်နေ့မနက်တွင် လင်းကျစ်ရှသည်
၈ နာရီမထိုးခင် နိုးနေပြန်၏။

ယနေ့မနက်မှာ လော့ချင်က အလုပ်သွားတာ
နည်းနည်းနောက်ကျသဖြင့် သူတို့နှစ်ဦး
စာကြည့်ခန်းတံခါးနားတွင် သွားဆုံလေသည်။
လင်းကျစ်ရှက လော့ချင်ကိုမြင်သည်နှင့် ပြုံးကာ-

"ကောင်းသောမနက်ခင်းပါ"

လော့ချင်က ညဘက် ကောင်းကောင်းအိပ်ပျော်ပုံ
မပေါ်၊ နိုးနိုးချင်း မျက်မှောင်ကုတ်လျက်သားဖြစ်နေသည်။ လင်းကျစ်ရှကို တုံ့ပြန်သည်ဆိုရုံမျှသာ
ခေါင်းညိတ်ပြလေသည်။

နှစ်ဦးသား အောက်ထပ်သို့အတူဆင်းသွားပြီး
မနက်စာစားဖို့ ထမင်းစားပွဲမှာထိုင်လိုက်ကြသည်။
စားသောက်နေစဉ် လင်းကျစ်ရှက လော့ချင်ကို
ခိုးကြည့်မိ၏။ မနက်စာကို အာရုံစိုက်စားသောက်
နေသည့်လော့ချင်က သတိမထားမိ၊ သို့နှင့်
လင်းကျစ်ရှက ပို၍ပင် ရဲရဲတင်းတင်းကြည့်လာသည်။

မနက်ခင်းလေးမှာ ချောမောခန့်ညားတဲ့အမျိုးသား
တစ်ဦးကို မျက်စိရှေ့ မြင်နေရတာ သိပ်ကို
ပျော်စရာကောင်းတာပဲ...နောက်ပြီး ဒီလူက
သူ့အမျိုးသားတဲ့!

လော့ချင်က ဒီထက်ပိုပြီး စိုက်ကြည့်မခံနိုင်တော့။
မျက်ခုံးပင့်ပြီး ဖျတ်ခနဲငဲ့ကြည့်လိုက်ရာ..
ကြက်ဥပြုတ်ဝါးရင်း တမေ့တမောငေးနေသော
လင်းကျစ်ရှကိုသာ မြင်ရလေသည်။ အကြည့်ချင်းဆုံချိန်တွင် လင်းကျစ်ရှက ရုတ်ခြည်းပင်
အားရပါးရပြုံးပြလာသည်။

ထူးဆန်းတယ်...

လင်းကျစ်ရှ အခုတလော နည်းနည်းထူးဆန်းနေ
သည်။

ယခုလိုမျက်ဝန်းမျိုးဖြင့် လော့ချင်ကိုကြည့်နေ
တတ်သည်။ ယခင် ရှက်ရွံ့တတ်သည့်ဟန်ပန်နှင့်
လုံးဝကွဲပြားနေ၏။ အရင်တုန်းက အပေါ်ယံမှာပဲ
ကြောက်ရွံ့တွန့်ဆုတ်သလို ဟန်ဆောင်ခြင်းဖြစ်ပြီး
တကယ့်အတွင်းစိတ်မှာတော့ လင်းကျစ်ရှက
စက်ဆုပ်ဖို့ကောင်းသူဖြစ်ခဲ့သည်။

အတိတ်မှာလည်း လင်းကျစ်ရှက လော့ချင်ကို
ခိုးကြည့်လေ့ရှိခဲ့၏။ လော့ချင်နားလည်ပေးလို့
ရသော်ငြား သူလှုပ်ရှားလိုက်တိုင်း လင်းကျစ်ရှက
လူမိမှာစိုးရိမ်သလို မြန်မြန်ဆန်ဆန်အကြည့်လွှဲ
တတ်ခဲ့သည်။ ယခုကဲ့သို့ မျက်လုံးရွဲများနှင့်
တန်ပြန်စိုက်ကြည့်ခြင်းမရှိခဲ့။ လက်ရှိမှာ
လင်းကျစ်ရှက မှုန်ဝေဝေမျက်နှာနှင့်၊ အလိုလို
သတိလက်လွတ်ကြည့်နေမိသည့်အလား။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now