Extra - 1 (U+Z)

22.7K 2.5K 95
                                    

Unicode

လတ်တလော လော့မိသားစုတွင် လေထု
ထူးဆန်းနေသည်။

စားဖို့သောက်ဖို့လောက်ပဲသိသည့်
လင်းခယ်အိုက်တောင်မှ လတ်တလော
သူ့အဖေ၏စိတ်အခြေအနေထူးဆန်းတာကို သတိထားမိသည်။

အမြဲလိုလို ‌မမောက်မာဘဲ လူတိုင်းအပေါ်
နူးနူးညံ့ညံ့ဆက်ဆံလေ့ရှိပြီး စကားမာမာ
မပြောတတ်သည့် လင်းကျစ်ရှ။

ရှောင်အိုက်အတွက် ညီလေး(သို့) ညီမလေး
တစ်ယောက်ရတော့မည်ဟု ပြောသည့်နေ့မှစ၍
လင်းကျစ်ရှ ထူးဆန်းလာခဲ့သည်။

ရှောင်အိုက် အိမ်ပြန်လာတိုင်း အိမ်ထဲမှာ
ဆူဆူအောင့်အောင့်လမ်းလျှောက်နေသည့်
ပါးကို တွေ့ရပြီး ဖေဖေကလည်း ညင်သာသော
အမူအရာနှင့်အတူ ပါးအနောက်သို့လိုက်ရင်း
ခပ်တိုးတိုးပြောစမြဲ။

"ကျွန်တော် ဆိုဒါတစ်ပုလင်းလောက် သွားဝယ်
ချင်ရုံပါ၊ ဘာလို့သွားခွင့်မပေးတာလဲ"

လင်းကျစ်ရှ သည်းမခံနိုင်တော့ဘဲ လော့ချင်ကို
ခေါင်းအုံးနှင့်ပစ်ပေါက်လိုက်၏။

"ကျွန်တော် ကျန်းမာရေးကောင်းပါတယ်၊
ဘာတုံ့ပြန်မှုမှမရှိဘူး၊ ဘာလို့ ကျွန်တော့်ကို
အကျဉ်းသားလိုမျိုး နေ့တိုင်း အိမ်ထဲမှာပဲနေခိုင်း
ရတာလဲ!?'

"ရှောင်ရှ..မင်းတစ်ခုခုဖြစ်မှာကို ကိုယ်စိုးရိမ်လို့"

နည်းနည်းမတရားခံရသလိုမျိုး လော့ချင်အသံ
မှာ သနားစရာကောင်းနေကာ ယခုလိုအကြည့်
ကိုပါ ပေါင်းစပ်လိုက်သောအခါ သိပ်ကို
အစွမ်းထက်နေပေ၏။ ပုံမှန်အနေအထား
ဆိုလျှင် လင်းကျစ်ရှ သေချာပေါက်ရှက်ရွံ့မိမှာ
ဖြစ်သော်လည်း ယခုတော့...

သူ လော့ချင်ကို စကားလုံးနှစ်လုံးဖြင့်သာ
တုံ့ပြန်လိုက်မည် :

ဟီဟီ။

ယင်းက လော့ချင်၏အကျင့်ပါနေသည့်
လှည့်ကွက်တစ်ခုဆိုတာ သူ သိပြီးသား။

သူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး တစ်ခုခုပြောင်းလဲ
နေကြောင်း ဧပြီလတုန်းက သတိထားမိခဲ့ခြင်း
ဖြစ်သည်။

ထိုစဉ်က လင်းကျစ်ရှ အမြဲလိုလိုအိပ်ချင်ခဲ့
သော်လည်း ပုံမှန်ကိစ္စလိုသဘောထားပြီး
ကြီးကြီးမားမားမမှတ်ယူခဲ့။ ပျင်းပျင်းရိရိနှင့်ပင်
စားသောက်ဆိုင်သို့ နေ့တိုင်းသွားဖြစ်ခဲ့သည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now