အပိုင်း - ၃၉ (U+Z)

23K 3.3K 120
                                    

Unicode

"လော့ချင်၊ ကျွန်တော် ခင်ဗျားကို ယုံကြည်ဖို့
ဆန္ဒရှိလာပြီ"

လင်းကျစ်ရှ၏ တိုးညင်းစွာရေရွတ်သံ။

လော့ချင် တစ်ခဏလောက် မှင်သက်သွားရ
သည်။ သူ တစ်ခုခုမေးဖို့ပြင်ချိန်မှာပဲ
လင်းကျစ်ရှ၏မျက်နှာက ရုတ်တရက်ဆိုသလို
နီမြန်းသွားခဲ့ပြီ။

"ကျွန်တော်တို့ ကြိုးစားကြည့်လို့ ရနိုင်တယ်"

လင်းကျစ်ရှအသံက တိုးဖွလွန်းကာ
ငှက်တောင်မွေးနုနုဖြင့် ထိခတ်သလို
လော့ချင်၏နှလုံးသားကို ယားယံစေပြီး
မချင့်မရဲခံစားရစေသည်။

သူ့မျက်ဝန်းများနှင့်မျက်ခုံး‌ထောင့်တွင်
အပြုံးရိပ်တို့ စွန်းထင်းလာ၏။

လွင့်မျောကာ၊ ချီတုံချတုံဖြစ်စွာ ရုတ်တရက်
ပျောက်ကွယ်လို့သွားပြီ။

လော့ချင်က လင်းကျစ်ရှ၏လက်ကို ဖွဖွ
ကိုင်ကာ တယုတယနမ်းလိုက်သည်။

လင်းကျစ်ရှ၏မျက်ဝန်းများ ရီဝေနေတာကို
သူ မြင်ရသည်။ နွေဦးမှာ ပွင့်လန်းလာသည့်
အနူးညံ့ဆုံးပန်းပွင့်တို့နှယ် အလွန့်အလွန်
ချိုမြိန်လျက်။

>>>>>

ညဉ့်နက်နေပြီဖြစ်သည်။

ချောင်မေ့က အိပ်ရာပေါ် ကွေးနေပြီး
ဖုန်းမျက်နှာပြင်မှမက်ဆေ့ခ်ျများကို
အဆက်မပြတ် ဆွဲကြည့်နေရင်း။

လော့ချင် ကားအက်ဆီးဒင့်ဖြစ်သည်ဟူသော
သတင်းက ထုံ့ချန်၏သတင်းမီဒီယာအားလုံး
တွင် စက္ကန့်မဆိုင်းဘဲ ဟုန်းခနဲပျံ့နှံ့သွားချေ
သည်။

ပုံမှန်ဆို သူမနှင့်ဘာမှမဆိုင်သော်လည်း
ယခုတော့ သူမ အပိုင်းဖြစ်သွားပြီ။ သူမ
ဘာမှမလုပ်၊ လင်းကျစ်ရှကို တွန်းပစ်ရုံသာ။
အပြေးဝင်လာသူက လော့ချင်ပဲဖြစ်သည်။

သူမနဲ့ ဘာမှမဆိုင်ဘူး!

ထို့ပြင် သူမ လင်းကျစ်ရှကို တမင်တကာ
တွန်းပစ်ဖို့မရည်ရွယ်ဘဲ lesson ပေးချင်ရုံ၊
ထိုနေရာမှာရပ်နေသည့်လင်းကျစ်ရှကို
မြင်သောအခါ သူမ ဘယ်လိုမှမထိန်းချုပ်
နိုင်တော့။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now