အပိုင်း - ၂၇ (U+Z)

23.4K 3.5K 95
                                    

Unicode

လော့ယောင် အိမ်မှာအတူမနေတော့ဟု
လော့ချင်က ပြောထားသဖြင့် လင်းကျစ်ရှ
သူမကို ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။
မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်ဆုံသည့်အခါ
လင်းကျစ်ရှ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့။

"ထူးဆန်းလိုက်တာ"

လော့ယောင်က သရော်သည်။ အဝတ်အစား
ခပ်ပါးပါးဝတ်ထားသည့်သူမက သေမတတ်
အေးနေပုံ။ လင်းကျစ်ရှကလည်း ယောင်နန
ဖြစ်ကာ တံခါးကိုပိတ်ရပ်နေသဖြင့် သူမ
လက်ဆန့်ပြီး ဘေးသို့တွန်းပစ်ကာ အိမ်ထဲ
ဝင်လာ၏။

"ရှင် ကျွန်မအစ်ကိုနဲ့ ကွာရှင်းပြီးသား
မဟုတ်လား၊ ဘယ်လိုမျက်နှာနဲ့များ ပြန်လာ
နိုင်ပါလိမ့်"

သူမက စကားကို တုတ်ထိုးအိုးပေါက်
ပြောတတ်ဆဲ။ လင်းကျစ်ရှ လော့ယောင်ကို
ကြောက်ရွံ့ခဲ့ဖူးသော်လည်း ယခုအချိန်မှာ
သူမ ဘာပြောပြော၊ သူ ဂရုမစိုက်တော့။
သူမနှင့် အချိန်ကုန်ခံပြီး ငြင်းခုံချင်မနေ။
နှင်းတောထဲလူးလိမ့်နေမည့် ရှောင်အိုက်ကို
သွားခေါ်ဖို့ပဲ သူ အာရုံရှိနေပြီး လော့ယောင်နှင့်
စကားဆက်မပြောလို။

လင်းကျစ်ရှ လုံးဝ အဖက်မလုပ်မှန်း
လော့ယောင်က သိသွားသဖြင့် လက်ဆန့်ပြီး
လှမ်းဆွဲသည်။

"ဟေး၊ ရှင် နားလေးနေပြီလား၊ ကျွန်မ
ပြောနေတယ်လေ! ရှင်ထွက်သွားတော့
ကျွန်မ တွေးခဲ့မိတာက..ရှင် လိင်ပြောင်းပြီး
ယောက်ျားစစ်စစ်ဖြစ်တော့မယ်ပေါ့လေ၊
အခုကျ ဘာလဲ၊ ပြန်လာတယ်ပေါ့? ရှင်
တစ်ချိန်လုံး သရုပ်ဆောင်နေခဲ့တာပဲ၊ အခုလို
ကြီးကြီးမားမားအကွက်ရွှေ့နိုင်ခဲ့တာ
လေးစားပါရဲ့၊ ကျွန်မအစ်ကိုက ဘာမှပြောမှာ
မဟုတ်တော့ဘူး၊ သူ တကယ်ကြီး ရှင့်ကို
ပြန်လာခိုင်းတယ်ပေါ့လေ၊ သိပ်ကောင်းတဲ့
အကွက်ပဲ၊ လင်းကျစ်ရှ!"

လင်းကျစ်ရှက ဂရုမစိုက်သလို ပခုံးတွန့်ပြကာ
သူမကို ဒီအတိုင်းပဲကြည့်နေလိုက်သည်။

"‌လော့ယောင်၊ မင်း လူတိုင်းကို ဒီလိုမျိုး
ပြောဆိုတာလား"

လော့ယောင်က စိန်ခေါ်သလိုမျိုး မျက်ခုံးပင့်လိုက်ကာ

"ရှင် ဘာကိုဆိုလိုတာလဲ"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now