အပိုင်း - ၂၅ (first part)

29.3K 3.6K 155
                                    

Unicode

လော့ချင်က ထိုသို့ကြည့်နေသောအခါ
လင်းကျစ်ရှ မနေတတ်စွာ မျက်နှာလွှဲလိုက်ရ
သည်။

"ဒါဆို ခင်ဗျားက ဟိုကောင်လေးကို ဆိုင်ဆီ
လာခိုင်းထားတာပေါ့?"

"ဟုတ်တယ်..."

လော့ချင်က ခေါင်းညိတ်ကာ

"တကယ်တော့ ငါ စား‌သောက်ဆိုင်နဲ့မျက်နှာချင်းဆိုင်က ကဖေးမှာ ရှိနေခဲ့တာ၊
ဆောရီး...ငါ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိလို့၊
ဒီနေ့ ငါ စီးပွားရေးကိစ္စနဲ့ခရီးထွက်ရတော့
ရှောင်ချီကို စောင့်ကြည့်ခိုင်းထားခဲ့တယ်၊
မမျှော်လင့်ဘဲ တကယ်ဖြစ်ပျက်လာတာပဲ"

လင်းကျစ်ရှရင်ထဲ ပြောချင်သည့်စကားပေါင်းသောင်းချီပြည့်နှက်နေသည်။ ကျိန်ဆဲလိုသော
စကားလုံးတွေ၊ question mark ပေါင်း
သောင်းခြောက်ထောင်ရှိနေသော်လည်း
အတော်ကြာ ခက်ခက်ခဲခဲထိန်းချုပ်ပြီးနောက်
ခါးသက်သက်ဆိုမိသည်။

"ခင်ဗျားအဖေက စိတ်ကုန်ဖို့ကောင်းတဲ့လူပဲ"

"ဆောရီး၊ ငါ့အဖေကိုယ်စား တောင်းပန်ပါတယ်၊
စားသောက်ဆိုင်မှာ ပျက်စီးသွားတာတွေကို
ပြန်ပြင်ဖို့ ငါ ပေးမယ်"

လော့ချင်က ဆိုသည်။

"ဒါပေမယ့် ရှောင်ရှ...ဒီနေ့အဖြစ်အပျက်က
အစပဲရှိသေးတယ်၊ ငါ့အဖေက မင်းကိုအနှောင့်အယှက်ပေးဖို့ နည်းလမ်းအများကြီး
သုံးနိုင်တာ၊ ဒီနေ့က သတိပေးရုံအနေအထားလို့
ပြောရမယ်၊ နောက် ဘာတွေဆက်လုပ်မလဲ
မသိဘူး၊ မင်းကို တစ်ချိန်လုံးစောင့်ကြည့်နေ
ဖို့လည်း မဖြစ်နိုင်ဘူး...ဆိုင်ကို စီးပွားရေးအရ
ဖွင့်ထားမှာဆိုတော့ ငါ့အဖေရှာတဲ့ပြဿနာ
တွေကို တောက်လျှောက်ငြိမ်ခံနေလို့မရဘူး"

ဘာပြောရမှန်း မသိသဖြင့် လင်းကျစ်ရှ
နှုတ်ဆိတ်နေမိသည်။

"ငါ့အဖေက သိပ်မကြာခင် ထုံ့ချန်ကနေ
ထွက်သွားဖို့ရှိတယ်၊ ဒါပေမယ့် သူကိုယ်တိုင်
ထုံ့ချန်မှာမရှိရင်တောင် ကြံစည်လို့ရနေဦးမှာပဲ၊
ဒါကြောင့် အခြေအနေမတည်ငြိမ်ခင် မင်းနဲ့
ရှောင်အိုက်ကို ငါ့ဆီ လိုက်နေစေချင်တယ်၊
မင်း ကသိကအောက်ဖြစ်မယ်ဆိုတာ သိပေမယ့်
အခု ဒီနည်းအပြင် တခြားနည်းလမ်းကို
မစဉ်းစားတတ်တော့ဘူး"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now