အပိုင်း - ၁၉ (U+Z)

26.5K 3.8K 71
                                    

Unicode

လော့မိသားစု၏ပင်မအိမ်တော်တွင်။

စာကြည့်ခန်းထဲ၌ သက်လတ်ပိုင်းလူကြီးနှင့်
ကလေးတစ်ဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

လင်းခယ်အိုက်က စိတ်တိုနေကာ ဆိုဖာပေါ်မှာ
ဘေးတစောင်းထိုင်ရင်း မျက်နှာလွှဲထားပြီး
ခြေတစ်ချောင်း တွဲလောင်းချထားလေ၏။
ရှောင်အိုက်မျက်နှာက မည်းမှောင်နေသည်မှာ
tabby cat ကလေးလို။ နှုတ်ခမ်းကို စူထော်ထားပြီး အနောက်ဘက်ရှိကျောပိုးအိတ်ကလေးပင်
ရွဲ့စောင်းနေရုံသာမက ကြိုးတစ်ဖက်ကလည်းလက်မောင်းထိ လျှောကျနေသည်။ အခုလေးတင်
လူတစ်ယောက်လာပြီး ကျောပိုးအိတ်ကို
ဖယ်ပေးဖို့ပြင်ခဲ့သော်လည်း လင်းခယ်အိုက်က
ကြမ်းပြင်ပေါ် လူးလှိမ့်ရင်း ချွတ်ခွင့်မပေးပေ။

မျက်နှာချင်းဆိုင်မှလူကြီးကို တစ်ချက်ခိုးကြည့်
ပြီးနောက် လင်းခယ်အိုက် အမြန်အကြည့်လွှဲ
လိုက်သည်။

ကြောက်စရာကောင်းမည့်ပုံပေါ်သည့်
ထိုလူကြီးကို ရှောင်အိုက် သဘောမကျပေ။
သူက လူတစ်ဦးကို ဘောလုံးကူကောက်ပေးခဲ့ရုံ
ဖြစ်သော်လည်း မထင်မှတ်ဘဲ အငိုက်မိသွားကာ
အဖမ်းခံခဲ့ရသည်။

လင်းခယ်အိုက် မျက်ရည်မကျမိအောင်
နှာပြင်းပြင်းရှုံ့လိုက်သည်။ သို့ပါသော်လည်း
ဝမ်းနည်းလွန်းမက ပိုဝမ်းနည်းလာ၏။
နောက်ဆုံးတော့ သူ့ကို လူဆိုးကြီးပြန်ပေးဆွဲ
သွားပြီ။

သူ ပါးကို သိပ်သတိရတယ်!

ရှောင်အိုက် ပါးကို နောက်ထပ်မတွေ့ရတော့ရင်
ဘယ်လိုလုပ်မလဲ!

လော့ကျန်းရန် အတတ်နိုင်ဆုံးကြိုးစားပြီး
ပြုံးသည်ဆိုရုံမျှ ပြုံးထားလိုက်ကာ
ဖြည်းဖြည်းချင်းမေးသည်။

"ကောင်လေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ"

လင်းခယ်အိုက်က ဖျတ်ခနဲကြည့်ပြီး အတော်ကြာတော့မှ ခပ်တိုးတိုးဖြေသည်။

"ရှောင်အိုက်"

လော့ကျန်းရန် မျက်မှောင်ကြုတ်မိပြီး‌နောက်
အမြန်ပြန်ပြုံးထားလိုက်သည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now