အပိုင်း - ၃၁ (U+Z)

25.4K 3.4K 121
                                    

Unicode

လော့ချင်နှင့်လင်းကျစ်ရှက ရှောင်အိုက်ကို
ခေါ်ပြီး စားပွဲရှိရာသို့ပြန်လာလိုက်သည်။
ချောင်မေ့ထွက်ပေါ်လာမှုက စိတ်ပျက်ဖို့
ကောင်းသော်လည်း ကြီးကြီးမားမားအာရုံစိုက်
စရာမဟုတ်သဖြင့် သူတို့နှစ်ဦးလုံး တည်ငြိမ်
နေဆဲ။

လော့ချင် လင်းကျစ်ရှကို ငဲ့ကြည့်လိုက်သည်။
ချောင်မေ့ကြောင့် လင်းကျစ်ရှ‌ ဒေါသဖြစ်ရ
မှာကို သူစိတ်ပူမိသော်လည်း လင်းကျစ်ရှက
ရှောင်အိုက်ကို ဂရုတစိုက်ကျွေးမွေးဖို့ပဲ
အာရုံထားပုံရသည်။ နှုတ်ခမ်းစွန်း ကွေးညွတ်
နေဆဲဖြစ်ပြီး ထူးထူးခြားခြားပြောင်းလဲမှုမရှိ။

လော့ချင်၏အကြည့်က စူးစိုက်ကျရောက်
လွန်းနေသဖြင့် လင်းကျစ်ရှ သတိမမူမိဘဲ
မနေနိုင်။ ခေါင်းမော့ကာ တဲ့တိုးမေးလိုက်ရ
သည်။

"ဘာဖြစ်လို့လဲ"

"မင်း ချောင်မေ့ကိုထပ်တွေ့ရင် တအား
ဒေါသထွက်လိမ့်မယ်လို့ ငါထင်ထားတာ"

"ကျွန်တော် ဘာလို့ဒေါသထွက်ရမှာလဲ၊
ဒေါသဖြစ်ရလောက်အောင် မတန်ပါဘူး၊
ခင်ဗျားကရော ဒီလိုကိစ္စတွေနဲ့ ဒေါသထွက်
တတ်လို့လား"

လင်းကျစ်ရှ ခါးသက်သက်ပြုံးမိသွားကာ

"ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒေါသထွက်တာ
ကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ၊ အလွန်ဆုံး
မကျေမနပ်ဖြစ်ရုံလောက်ပဲပေါ့"

သူ ထိုအချက်ကို ရှင်းရှင်းလင်းလင်း
သိထားပြီးသား။ ချောင်မေ့ကဲ့သို့ မည်သူ့
အကူအညီမှမပါဘဲ လက်ဗလာတိုက်ခိုက်တာ
ကောင်းသလိုထင်ရသော်လည်း အမှန်တော့
ပြဿနာရှာလွန်းသဖြင့် ကျော့ကျော့မော့မော့
နေနိုင်ဖို့ခဲယဉ်းသည်။ ဝတ္ထုနှင့်တီဗီဇာတ်လမ်း
များထဲတွင် လက်တုံ့ပြန်တာမျိုးကိုကြည့်ရတာ အားရစရာကောင်းသော်လည်း တကယ့်
လက်‌တွေ့မှာတော့ အနိုင်ကျင့်ခံရသူတိုင်း
တန်ပြန်တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါပေ။ သူ
စိတ်လိုက်မာန်ပါ တုံ့ပြန်ကာ တစ်ခဏမျှ
ငြိမ်းချမ်းသွားနိုင်သော်လည်း မဆုံးနိုင်သော
ပြဿနာများ ဆင့်ကဲပေါ်ပေါက်လာလိမ့်မည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now