အပိုင်း - ၃ (U+Z)

27.3K 3.5K 49
                                    

Unicode

နည်းနည်းပူသည်။

လင်းကျစ်ရှသည် ကားအတွင်း အကြိမ်ကြိမ်
ဟိုလှည့်ဒီလှည့်လုပ်ပြီးနောက် အဆုံးမှာ
ဇိမ်ခံသင်္ဘောရှိရာဆိပ်ကမ်းသို့ ရောက်လာသည်။

ဆိပ်ကမ်းနှင့်ခပ်လှမ်းလှမ်းတွင် အစဉ်လိုက်
ရှိနေသောလုံခြုံရေးဝန်ထမ်းများကို တွေ့ရပြီး
လင်းကျစ်ရှ ထင်ထားသည်ထက် မြင်ကွင်းက
ပိုမိုကြီးကျယ်နေလေ၏။

ညအခါ ဆိုက်ရောက်လာပြီ။ ဇိမ်ခံသင်္ဘောကြီးကို
ဆိပ်ကမ်းတွင် ကျောက်ချထားကာ ပတ်ပတ်လည်
၌ ပန်းများ၊ ပူဖောင်းများဖြင့် အလှဆင်ဝန်းရံထား
လေသည်။ သင်္ဘောပေါ်ရှိ ရောင်စုံမီးများက
အဘက်ဘက်သို့ဖြာထွက်လျက်ရှိပြီး နန်းတော်သဖွယ် မျက်စိကျိန်းလောက်အောင် တောက်ပနေ
သည်။ ခပ်တိုးတိုးဖွင့်ထားသော နောက်ခံတေးဂီတ
ကိုပါ ကြားနိုင်ပြီး ဆူဆူညံညံစကားသံတို့နှင့် ပေါင်းစပ်လိုက်သောအခါ အလွန်မြူးကြွနေပေ
၏။

သူ လော့ချင်ဆီသို့ မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သော်လည်း ထိုအမျိုးသားက ဘယ်သောအခါမှ
စာပြန်မလာခဲ့ပေ။

လော့ချင် ဒီနေရာမှာရှိနေမလား သူ,မပြောတတ်။

တံခါးနားရှိဧည့်ကြိုထံ ဖိတ်စာကမ်းပေးလိုက်ကာ
လင်းကျစ်ရှက ဇိမ်ခံသင်္ဘောပေါ်သို့တက်လာ
ခဲ့၏။ သင်္ဘောပေါ်တွင် အထပ်ပေါင်းများစွာ
ရှိကာ အလွန်ခမ်းခမ်းနားနားဆင်ယင်ထားပြီး
လူအတော်ရောက်နေပြီဖြစ်သည်။ လူတိုင်းက
‌တန်ဖိုးကြီးအဝတ်အစားများ ဆင်မြန်းထားကာ
ကြော့မော့နေပုံ။ လင်းကျစ်ရှတစ်ဦးတည်းသာ
ပထမထပ်၏ lobby တွင် စိတ်မသက်မသာဖြစ်
နေရသည်။

ဒီအတိုင်းပဲ နောက်ကြောင်းပြန်လှည့်လိုက်ရတော့
မလား...

ထိုသို့တွေးရင်း ဂိတ်ဆီသို့လျှောက်သွားဖို့ပြင်ချိန်
မှာပဲ သူ့အနောက်မှတစ်စုံတစ်ဦးက လှမ်းခေါ်
လိုက်လေသည်။

"လင်း...ကျစ်ရှ?"

လင်းကျစ်ရှ လှည့်ကြည့်လိုက်သည်။ အနက်ရောင်
ဝတ်စုံပြည့်နှင့် အမျိုးသားတစ်ဦးက လက်ထဲမှာ
ဝိုင်ခွက်နီကိုင်ထားရင်း သူ့ကိုစိုက်ကြည့်နေ၏။
သူလှည့်ကြည့်လိုက်ချိန်တွင် ထိုအမျိုးသားက
အဓိပ္ပါယ်ပါပါ ပြုံးလာသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now