အပိုင်း - ၁၃ (U+Z)

30.3K 4.1K 203
                                    

Unicode

စားသောက်ပြီးနောက် လော့ချင်က သူတို့ကို
ပြန်လိုက်ပို့သည်။ လင်းခယ်အိုက်က လော့ချင်ကို
ပွေ့ဖက်စေချင်ပုံရ၏။ တစ်ချက်ကြည့်ရုံနှင့်
လင်းကျစ်ရှက ကောင်ကလေး၏စိတ်ကို
မြင်သည်။ သူ ရင်ထဲခါးနေသော်လည်း
လော့ချင်ကို ပြောလိုက်၏။

လော့ချင်က နည်းနည်းအံ့အားသင့်သွားပုံပေါ်
သည်။ ရှောင်အိုက်ကို ‌ပွေ့ချီလိုက်သော်လည်း
လော့ချင်က ကလေးချီနေကျမဟုတ်သဖြင့်
အနေအထားက ကိုးရိုးကားရား။ ရှောင်အိုက်က
လော့ချင်၏ရင်ခွင်ထဲမှာ လုံးလုံးဖောင်းဖောင်း
ဖြစ်နေသည်။ သက်တောင့်သက်သာမကျကာ
ပုံမှန်ဆိုလျှင် အထွန့်တက်မည်ဖြစ်သော်လည်း
အခုတော့ မဟုတ်။ တွယ်ကပ်တတ်ပြီး ချွဲတတ်
လာသည့်ကောင်ကလေးက တစ်ခွန်းမှမဆိုဘဲ
လော့ချင်ကို ဖက်ထားကာ အောက်မချခိုင်းပေ။
လင်းကျစ်ရှ သက်ပြင်းချပြီး အနေအထားကို
မှန်အောင် ညှိပေးလိုက်ကာ သူ့နှုတ်ခမ်းသူ
ကိုက်ထားရင်း ဘေးချင်းယှဉ်လျှောက်လာကြ
သည်။

လင်းကျစ်ရှ အူမတိုသင့်။ လင်းခယ်အိုက်က
လော့ချင်ကို ကပ်နေတာ သဘာဝကျသည်။
မည်သို့ပင်ဆိုစေ လော့ချင်က သွေးသားဆက်နွှယ်
သည့် အဖေဖြစ်သူမဟုတ်လား။ ဆိုသော်လည်း
လင်းကျစ်ရှက အလွန် စိတ်မရွှင်ဖြစ်နေရသည်။

မသက်မသာဖြစ်နေသောလင်းကျစ်ရှ၏ဟန်ပန်က
ပေါ်လွင်ထင်ရှားလွန်းရာ လော့ချင် တစ်ချက်
ဖျတ်ခနဲကြည့်ရုံနှင့် ရိပ်မိသွားသည်။

လော့ချင် ကလေးကို လုယူသွားမှာမျိုး
လင်းကျစ်ရှက စိုးရိမ်နေသည်။ အတူရှိနေသည့်
စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ထိုသို့သောခံစားချက်
ပြည့်နှက်နေတာကို သိမြင်နိုင်၏။

"စိတ်မပူပါနဲ့၊ ရှောင်အိုက်က မင်းနဲ့ပဲ
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာမှာပါ"

လင်းကျစ်ရှ ငဲ့ကြည့်လိုက်ရာ လော့ချင် သူ့ကို
ကြည့်နေကြောင်း တွေ့ရသည်။ မျက်လုံးချင်း
ဆုံသည့်အခိုက်မှာ လင်းကျစ်ရှ နည်းနည်းရှက်ရွံ့သွားကာ အကြည့်လွှဲလိုက်ပြီး ဘာမှမဆို။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now