အပိုင်း - ၂၀ (U+Z)

28.3K 3.9K 112
                                    

Unicode

လင်းကျစ်ရှ နိုးလာချိန်မှာ ဦးတည်ရာကို ဆိုက်ရောက်နှင့်ပြီ။ လော့ချင်ကို ကားထဲမှာ
မတွေ့ရ။ လင်းကျစ်ရှ ကားအပြင်သို့ ဝေဝေဝါးဝါး
ထွက်လိုက်ရာ မတ်တတ်ရပ်နေသောလော့ချင်ကို
မြင်လိုက်ရသည်။ မျက်စိရှေ့မှ အဆောက်အဦး
ငယ်ကို ခပ်တွေတွေကြည့်နေသူ။

လင်းကျစ်ရှ ခြေတစ်လှမ်းတိုးကာ အခုနက
ခြုံထားသောကုတ်ကို ပြန်ကမ်းပေးလိုက်သည်။

လော့ချင်က တီးတိုးရေရွတ်၏။

"အထဲဝင်ရအောင်"

သူ လော့ချင်အနောက်ကနေ တံခါးကိုဖြတ်ကျော်
ဝင်ရောက်လာခဲ့သည်။ ဧည့်ခန်းတွင်း မီးရောင်က
မျက်လုံးကို စူးခနဲဖြစ်စေသဖြင့် လင်းကျစ်ရှ
ကိုယ်တိုင်ပင်မသိလိုက်ပါဘဲ မျက်လုံးကို ဖျတ်ခနဲ
မှိတ်မိသည်။ အံ့အားသင့်စွာရေရွတ်လိုက်သော
တစ်စုံတစ်ဦး၏အသံကို ကြားရသည်။

"သခင်လေး၊ ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ"

"ကျွန်တော့်အဖေရော?"

"အပေါ်ထပ်စာကြည့်ခန်းမှာ"

လင်းကျစ်ရှ လော့ချင်အနောက်ကို လိုက်ရင်း
စာကြည့်ခန်းသို့ရောက်လာရပြန်သည်။

လင်းကျစ်ရှ မူးနောက်နောက်ခံစားနေရကာ
လော့ချင်အနောက်သို့ ဒီအတိုင်းလိုက်လာခြင်းဖြစ်၏။ သူ့စိတ်ထဲမှာတော့ မေးခွန်းများအပြည့်။
သူ တစ်ခါသာရောက်ဖူးသော စာကြည့်ခန်းအကြောင်းကို ဘာရယ်မဟုတ်ပြန်တွေးမိသည်။
ထိုတစ်ကြိမ်ရောက်ဖူးခဲ့တာလည်း သူ ကွာရှင်းစာချုပ်ကို လော့ချင်ဆီ သွားပေးတုန်းက။

လော့ချင်က တံခါးခေါက်မနေဘဲ စာကြည့်ခန်း ဆွဲတံခါးကို ဘေးသို့တွန်းလိုက်သည်။
မငိုမိအောင်အနိုင်နိုင်ထိန်းရင်း စူပုပ်ပုပ်ထိုင်နေ
သောရှောင်အိုက်ကို လင်းကျစ်ရှမြင်လိုက်ရသည်။
အခန်းတွင်းရှိသည့်လူအနေနှင့် လင်းကျစ်ရှကို ချက်ချင်းသတိပြုမိသည်မှာ မဆန်း။
လင်းခယ်အိုက်က သူ့ထံ ခလုတ်တိုက်လုမတတ်
ပြေးလာတော့သည်။

အပြေးလာရင်း ရှောင်အိုက် မျက်ရည်ကျလာ၏။

"ပါး! သား ပါးကို မတွေ့ရတော့ဘူး ထင်နေတာ!"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now