အပိုင်း - ၁၀ (U+Z)

30.8K 4.1K 118
                                    

Unicode

စားသောက်ဆိုင်လေးကို ပိတ်ထားသည်မှာ
သုံးရက်ဆက်တိုက်ရှိပြီ။

လေးရက်မြောက်နေ့တွင် ကောင်ကလေး၏
အခြေအနေက အတော်သက်သာလာကာ
အန်တီချင်းက လာကူညီပြီး ရှောင်အိုက်နှင့် အဖော်ပြုပေးလေ့ရှိသည်။ လင်းကျစ်ရှက
စားသောက်စရာများကိုပဲ လာပို့ကာ ညဘက်မှသာ
အတူအိပ်စက်ပေးသည်။ ချင်းကျယ်လည်း
အကြိမ်အနည်းငယ်လောက် လာခဲ့၏။ သူက
ကျောင်းကိစ္စများနှင့်ရှုပ်နေကာ သာမန်နေထိုင်မှုအားလပ်ချိန်ကိုပင် မရနိုင်။ သရေစာမုန့်များ
စုပြုံလာကာ လင်းခယ်အိုက်မှာ နေ့တိုင်း
ဆန်ပြုတ်သောက်သော်လည်း အရသာရှိသော
စားစရာကိုမြင်သည်နှင့် ရုတ်ခြည်းပင် ဆာလောင်
နေသည့်ကျားကလေးအဖြစ် ပြောင်းလဲသွားလေ
၏။ သို့သော်ငြား လင်းကျစ်ရှ အတတ်နိုင်ဆုံး
ကလေးကို အလိုမလိုက်မိအောင် ကြိုးစားရသည်။

သရေစာမုန့်များကို မြင်နေရပြီး စားခွင့်မရှိသဖြင့်
ရှောင်အိုက်ခမျာ စိတ်ဖိစီးစွာ ငိုမိလေသည်။
လင်းကျစ်ရှ စိတ်ဆိုးရမလို၊ ရယ်ရမလို။
ကောင်ကလေးက ဖျားနေတာတောင်မှ လူတိုင်း
ဆီမှာ အလိုလိုက်ချစ်ခင်ခံရလေသည်။

ဆေးရုံဆင်းသောနေ့တွင် ချင်းကျယ်က သူတို့ကို ခေါ်ရန် ကားနှင့်ရောက်လာသည်။ လင်းကျစ်ရှ
အကူအညီလက်ခံဖို့ အားနာနေမိသော်လည်း
ချင်းကျယ်ကို မတားလိုက်နိုင်ပေ။

လင်းကျစ်ရှက ကလေး၏ပစ္စည်းများကောက်ယူ
ပြီး ထုပ်ပိုးသိမ်းဆည်းနေရင်း ချင်းကျယ်ကို
ကျေးဇူးတင်မိသည်။

"ထွေထွေထူးထူးမဟုတ်ပါဘူး၊ အစ်ကို ဒီနေရာထိ လာရတာ အလုပ်ရှုပ်သွားမှာပဲ"

ချင်းကျယ်က ပြုံးလိုက်ကာ-

"အစ်ကို့ကျောင်းကလည်း ဒီနားမှာပဲ၊ မင်းအိမ်ကို
အပြန် လမ်းကြောင်းသင့်ပါတယ်"

ချင်းကျယ်၏စကားက အမှန်ဟုတ်၊မဟုတ်ကို
လင်းကျစ်ရှ မသိနိုင်တော့။

ချင်းကျယ်က တက္ကသိုလ်ဆရာတစ်ဦးဖြစ်ကာ
သဘောထားကြီးပြီး ချောမောခံ့ညားသူ။
နေထိုင်မှုအဆင့်အတန်းက သာမန်ဆိုသော်လည်း
ထိုသူသည် အလွန်နူးညံ့ညင်သာလှ၏။ သို့ရာတွင်
ချင်းကျယ်၏စိတ်ထဲ ဘာတွေရှိနေသလဲဆိုတာကို
လင်းကျစ်ရှ ဘယ်တုန်းကမှ မမှန်းဆနိုင်ခဲ့။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now