အပိုင်း - ၂၈ (U+Z)

24K 3.6K 100
                                    

Unicode

"နင် ဘယ်လိုလုပ်!"

ဆံပင်အကိုင်ခံရတာမျိုးကို လော့ယောင်
မုန်းသည်။ ဒီဆံပင်ကေကို ထားပြီးကတည်းက
သူမ သူငယ်ချင်းများထံမှာ အစခံရသဖြင့်
စိတ်တိုရမြဲ။ ကောင်ကလေးလက်က ဆံပင်ကို
လာထိသည်နှင့်တစ်ပြိုင်နက် သူမ အလိုလို
လက်ဆန့်ထုတ်ပြီး တားလိုက်သော်လည်း
သတိမထားမိဘဲ ထိုလက်နုနုလေးကို
'ဖြောင်း'ခနဲ ရိုက်မိသွားပြီ။

‌အသံအကျယ်ကြီးမို့ လော့ယောင် လန့်သွား
ရသည်။

လင်းခယ်အိုက်လည်း ကြောင်အသွားရှာ၏။
ရစ်လုံးလေးလို ကျစ်ဆံမြီးက ဟိုဘက်ဒီဘက်
ယိမ်းနေသဖြင့် သဘောကျစရာကောင်းသလို
ခံစားမိကာ ကလေးက လက်ဆန့်ပြီး
ထိလိုက်ခြင်း။

သို့ရာတွင် ခပ်ကြမ်းကြမ်းအရိုက်ခံလိုက်ရ
သည်။

ကောင်ကလေးက နီရဲသွားသောလက်ကို
ပွတ်ရင်း နှုတ်ခမ်းလေး မဲ့သွားကာ မျက်ရည်ဥ
ပြည့်လျှံလာရင်း။

လော့ယောင်က ရိုက်ဖို့ မရည်ရွယ်။ သူမ
နည်းနည်းအားနာမိသော်လည်း ချက်ချင်း
မျက်မှောင်ကြုတ်သွားသောလင်းကျစ်ရှကို
မြင်ရပြီး အ‌သေးလေးက သနားစရာပုံစံပေါက်
နေလေရာ သူမ အပြစ်ရှိသလိုခံစားရကာ
စိတ်အနှောင့်အယှက်လည်း ဖြစ်သွားသည်။

ကလေးကို ထိမိရုံပဲမဟုတ်လား၊ ဘာလို့တုံး?

လက်ပူးလက်ကြပ်မိသလိုဖြစ်သွား၍
လော့ယောင်က အော်တော့သည်။

"တမင်ရိုက်တာမဟုတ်ဘူး၊ ဘာကိစ္စ ငိုနေရ
တာလဲ!"

လင်းခယ်အိုက်က ဝေဝါးနေဆဲဖြစ်ကာ
မငိုမိအောင်ကြိုးစားရင်း မျက်တောင်ဖျား၌
မျက်ရည်စများ တွဲခိုလျက်။ လော့ယောင်၏
အော်သံအကျယ်ကြီးက ရှောင်အိုက်ကို
အပြည့်အဝကြောက်ရွံ့စေသဖြင့် မထိန်းနိုင်
တော့ဘဲ အော်ငိုမိလေသည်။ လင်းကျစ်ရှ
အမြန်ရှေ့တိုးကာ ချော့လိုက်ပြီး လော့ချင်
လည်း ကလေးလက်ကို ဖွဖွပွတ်ပေးနေရာ
နွေးထွေးသောမိသားစုသုံးယောက်လိုပင်။

ဘေးမှကြည့်နေသောလော့ယောင်က ပိုစိတ်တို
သွားရ၏။

"ဘာတွေဖြစ်ပျက်နေတာလဲ၊ ငိုဖို့လိုလို့လား၊
သူ အရင် ဆံပင်လာဆွဲတာလေ!"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now