Extra - 2 (U+Z)

31.4K 3K 393
                                    

Unicode

အဆုံးမရှိသောပင်လယ်ပြာ၏ အနားသတ်တွင်
ရွှေရောင်လွှမ်းနေ‌သော သဲသောင်ပြင်။

သစ်ရွက်,စကပ်ဝတ်ထားသည့် မိန်းမပျိုများနှင့်
သန်သန်မာမာအမျိုးသားများ ပျားပန်းခပ်မျှ
လှုပ်ရှားနေကြသည်။

လင်းကျစ်ရှက ကောက်ရိုးဦးထုပ်ငယ်ဆောင်း
ထားပြီး စတော်ဘယ်ရီသီးအစက်အပြောက်
လေးများပါဝင်သည့် တီရှပ်အဖြူကို ဝတ်ဆင်ထား၏။ လင်းခယ်အိုက်က မျက်စိရှေ့မှ
ပင်လယ်ပြာကို တမေ့တမောကြည့်နေသည်။
ပါးစပ်အဟောင်းသားဖြစ်ကာ ကြီးမားသော
မျက်လုံးဝိုင်းများပြူးနေပြီး ဗိုက်ပူလေးနှင့်
ပနံရနေသည်။ စိတ်လှုပ်ရှားနေမှန်း သိသာလျက်။

လှိုင်းခွပ်သံနှင့် ရယ်မောစကားပြောသံများ
ကြားတွင် ရှောင်အိုက်၏အသံစာစာလေးက
မိုးထိလုမတတ် ကျယ်လောင်သွားသည်။

"ပါး! ပင်လယ်ကြီး!"

လင်းကျစ်ရှ ခေါင်းငဲ့လိုက်ရုံရှိသေး၊
လင်းခယ်အိုက်က လှစ်ခနဲပြေးသွားပြီ။ သူ
ကပျာကယာလိုက်မည်ကြံချိန် လော့ချင်က
ကောင်ကလေးကိုပွေ့ချီကာ ပြုံးလိုက်ရင်း
သူ့ဆီလျှောက်လာသည်။

လင်းခယ်အိုက်က ခြေထောက်နှစ်ဖက်ကို
တဖျတ်ဖျတ်ခါကာ လော့ချင်ရင်ခွင်ထဲမှ
ရုန်းဖို့ကြံနေသဖြင့် လင်းကျစ်ရှက ရှောင်အိုက်၏
ဖင်လုံးလေးကို တစ်ချက်ရိုက်လိုက်သည်။

"ရှောင်အိုက်၊ ပါး သားကို လျှောက်မပြေးဖို့
မှာထားတယ်လေ"

"ပင်လယ်ကြီး..."

လင်းခယ်အိုက်က အရိုက်ခံရသော်လည်း
တက်ကြွနေဆဲ။

"လှလိုက်တာ!"

ကုန်းတွင်းပိုင်းကျသောမြို့မှာ မွေးသည့်
လင်းခယ်အိုက်က ပင်လယ်ကို ပထမဆုံးအကြိမ်
မြင်ဖူးတာမို့ တကယ်အံ့အားသင့်စရာဖြစ်နေ
သည်။ လင်းကျစ်ရှမှာထားသမျှကို မေ့သွားတာ
ကြာလှပြီ။

မနိုင်ဘူးဟူသောသဘောနှင့် လင်းကျစ်ရှ
သက်ပြင်းချလိုက်ကာ ကောင်ကလေး၏
လက်‌တွေခြေထောက်တွေကို နေရောင်ခံ
ခရင်မ်လိမ်းပေးရသည်။ နေပူဒဏ်ကြောင့်
လော့ချင်၏ဖြူလွလွအသားအရေမှာလည်း
အနည်းငယ်နီရဲလျက်။

🎉 You've finished reading ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED] 🎉
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now