အပိုင်း - ၃၂ (U+Z)

23.1K 3.6K 155
                                    

Unicode

ဘဝဟူသည် မပြီးဆုံးသေးသောဇာတ်ညွှန်း
တစ်ပုဒ်။

စာပိုဒ်တိုင်း၊ ဇာတ်ကွက်တိုင်းတွင် ရွေးချယ်မှု
မျိုးစုံပြုလုပ်ရကာ အဖြစ်အပျက်များစွာကို
ဘဝဇာတ်ခုံပေါ် ကပြရမြဲ။ ဘူးထဲက
နောက်ထပ်ချောကလက်ပိုင်းလေး၏
အရသာကို ကြိုမသိရသကဲ့သို့ အနာဂတ်မှာ
ဖြစ်လာမည့်ကိစ္စကိုလည်း ခန့်မှန်းနိုင်စွမ်း
မရှိပေ။ မည်သူက ဇာတ်လိုက်အဖြစ်ကျန်ရစ်
ပြီး မည်သူကတော့ အရှုံးပေးထွက်ခွာရမလဲ
ဆိုတာ။

အဆုံးမှာ သူ ချောင်ရူရွှီနှင့်ကျန်ရှိလိမ့်မည်ဟု
လော့ချင် တစ်ခါက တွေးခဲ့ဖူးသည်။ သို့သော်
အဓိပ္ပါယ်အပြည့် သက်ရောက်နေသည့်
လက်စွပ်နှစ်ကွင်းကိုကြည့်ရင်း လော့ချင်
စိတ်ထဲ လင်းကျစ်ရှမျက်နှာက ဖျတ်ခနဲ
ပေါ်လာ၏။

တောက်ပနူးညံ့ကာ ချောမောလှပသော
လင်းကျစ်ရှ။ ဆောင်းဦးရာသီမှာ ထွန်းလင်း
လာသည့်နေခြည်‌နွေးနွေးလို စွမ်းအင်တစ်မျိုး
ရှိနေသလိုပင် ထင်ရသည်။ မယိမ်းယိုင်သော
စိတ်ခံစားချက်နှင့် အခက်အခဲမည်မျှကြုံတွေ့
ရပါစေ ပြိုလဲသွားခြင်းမရှိ။

လော့ချင် လင်းကျစ်ရှကို ဒီအတိုင်းလေးပဲ
ကြည့်နေရုံနှင့် ငြိမ်းချမ်းသလို ခံစားမိသည်။
လင်းကျစ်ရှအတွက် သူ့ခံစားချက်တို့
အတက်အကျများစွာမဖြစ်ပေါ်ဘဲ
မနေနိုင်တော့။

"ငါ သဘောကျတဲ့သူရှိနေပြီ"

လော့ချင် လက်စွပ်ဘူးကို ချောင်ရူရွှီထံ
ပြန်တွန်းပေးလိုက်ပြီး တည်ငြိမ်အေးစက်သော
အသံနှင့်။

"ငါ ဒါကို လက်မခံနိုင်ဘူး"

ချောင်ရူရွှီ ဆက်မပြုံးထားနိုင်တော့ပေ။
သူ ဤနေရာသို့မလာခင်က အမျိုးမျိုးသော
မြင်ကွင်းများကို စိတ်ကူးယဉ်ခဲ့သော်လည်း
လက်ရှိအနေအထားကိုတော့ တစ်ခါမှ
မမြင်ယောင်ဖူးခဲ့။

"လော့ချင်၊ မင်း ဘာတွေပြောနေတာလဲ
သိရဲ့လား"

လော့ချင် နည်းနည်းစိတ်ရှုပ်လာပြီ။

"ဒါပေါ့၊ ငါ အတည်ပြောနေတာ"

ချောင်ရူရွှီ ခေါင်းငုံ့လိုက်ကာ တီးတိုးရေရွတ်မိ
သည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now